Chapter 2

397 27 0
                                    

အောက်ထပ်သို့ရောက်သောအခါ-
"အိုမား ရေ အာပါးက ခုထိပြန်မရောက်သေးဖူးလား?"
ဟု Roséမှ ထမင်းစားခန်းထဲ၌ ညစာစားရန်ပြင်ဆင်နေသော အိုမားအား လှမ်းမေးလိုက်သည်။
"ခဏနေရောက်တော့မယ်တဲ့ ကားပျက်လို့ Taxiငှားပြီးပြန်လာရတယ်တဲ့ သမီးရေ"
"အော်"
"သမီးလေး အာပါးလာမှပဲ တူတူစားနော် ဗိုက်သိပ်မဆာသေးရင် ခဏစောင့်ပေးအုံးနော်"
"ဟုတ်"
"သမီးလေး ရော့ ဒါကို Sooဆီ သွားပို့လိုက်"ဟုပြောကာ ညစာကို မမSooဆီသို့သွားပို့ခိုင်းသည်။

ကျမလဲ ယူခဲ့ပြီး အခန်းထဲသို့၀င်လာသည်။
မမSoo ကတော့ စောနကတွေ့ခဲ့တဲ့အတိုင်းပင် ပုံစံမပျက် ကျမလဲ မနေနိုင်တော့သည်နှင့်
ညစာကို မမSoo ရဲ့စာကြည့်စားပွဲပေါ်သို့တင်ကာ-
"မမ ထပါတော့ ဒီလိုကြီးနေနေတာ ဘယ်လောက်ကြာပြီလဲ"
မမ Soo ဘက်က စကားပြန်မလာ....
ကျမလဲ ပါးစပ်‌နဲ့ပြောမရတော့ အင်အားသုံးကာ
ခြုံထား‌တဲ့ စောင်တွေကိုခွာပြစ်ပြီး
"မမ ထတော့လို့ ကိုယ်လက်သန့်စင်ပြီးထမင်းစားတော့ မလှုပ်ရင် ကလိထိုးပြစ်မှာနော်"ဟု ပြောလိုက်တော့မှ
မမ က ငုတ်တုတ်လေးထထိုင်ပြီး
"ထပါပြီ Roséလေး‌ရဲ့"ဟုပြောကာ
ကျမ ဘက်ကို မျက်နှာမလှည့်ဘဲ ကျောပေးပြီး ထိုင်နေလေရဲ့
"အဲ့တာဆို Roséပြန်မလာခင်အတွင်း ကိုယ်လက်သန့်စင်ပြီး ထမင်းစား‌ထားနော်"ဟုပြောလိုက်သောအခါ
"အင်း"ဟူသော တလုံးထဲပင် စကားပြန်ရလေသည်။
ကျမလဲ မမSoo ရဲ့ သက်ပြင်းချသံတွေကိုကြားသော်လည်း ဘယ်လိုနှစ်သိမ့်မှုပေးရမည်ကိုမသိသဖြင့် ဘာမှဆက်မပြောတော့ဘဲ အောက်ကိုသာဆင်းလာခဲ့သည်။

"သမီး Sooစားရဲ့လား"ဟု အိုမားကမေးသောအခါ
"စားမယ်လို့ပြောတယ် အိုမား"
အိုမားကို ကြည့်တော့လဲ သက်ပြင်းတွေချလို့
"အိုမား စိတ်ညစ်စရာရှိလို့လား?"
"သမီးအမ Soo ပြသာနာနဲနဲရှာထားလို့ပါ"ဟု
ပြန်ဖြေပေမယ့် ကျမ ဘာမှဆက်မမေးဖြစ်ခဲ့
‌ခဏအကြာတော့ အာပါးပြန်ရောက်လာသည်။
အာပါးက ကိုယ်လက်သန့်စင်ပြီး
ထမင်းစားဝိုင်းသို့ရောက်လာသည်။

အာပါးမှ "မိန်းမရေ သမီးကြီးကော ပြန်မလာသေးဘူးလား"ဟုမေးတော့
"Soo နေမ‌ကောင်းလို့ အပေါ်မှာ အနားယူနေတယ်" ဟု အိုမားက ဖြေသည်။
အိုမားနဲ့ အာပါးကတော့ အလုပ်ကိစ္စများအကြောင်းပြောဆိုနေရင်းထမင်းစားနေကြပေမယ့် ကျမကတော့ အိုမားက မမ Soo ကိစ္စကို
အာပါးကို ပြောပြလိုက်မလားဟူသော စိတ်ပူစိတ်ဖြင့် အိုမားအား တကြည့်ကြည့်။
"သမီးငယ် ဘာပြောစရာရှိလို့လဲ"ဟု
အိုမားက မေးလာသောအခါမှ
ကျမလဲ ရုတ်တရက်လန့်သွားပြီး
"ဘာမှမဟုတ်ပါဘူး သမီး ထမင်းထပ်ယူချင်လို့ပါ"ဟုယောင်ယောင်မှားမှား လျောက်ပြောမိ။

In Another life I Would Be Your GirlWhere stories live. Discover now