Private Study ရက်တွေပြီးသွားတော့
စာမေးပွဲဖြေဖို့ရက်သို့ရောက်ရှိလာလေသည်။ဖုန်းမှ Alarmမြည်တော့ ကျမလဲ အိပ်ယာမှထ စာပြန်နွေးပြီး ၇နာရီလောက်ကျတော့ ကျောင်းသို့သွားရန်ပြင်ဆင်တော့သည်။
ကျောင်းသွားဖို့ ကားပေါ်တက်တော့ အိုမားက
"အငယ်လေး သေချာဂရုစိုက်ပြီးဖြေခဲ့နော်"
"ဟုတ်ကဲ့ အိုမား စိတ်ချပါ"
"ဒို့အငယ်လေးတောင် နောက်နှစ်ဆို
အထက်တန်းတက်ရတော့မယ် မျက်စိရှေ့တင်ပဲအရွယ်ရောက်လာတာမြန်လိုက်တာ၊ကျောင်းမှာကောတွဲနေတဲ့သူရှိနေပြီလား"ဆိုပြီး
အာပါးက ပြောလာသည်။
"အာပါးကလဲ မရှိပါဘူး"
"အခုမရှိသေးပေမယ့် နောက်ရှိလာရင်
အာပါးနဲ့မိတ်ဆက်ပေးနော်"
"အာပါးက စာမေးပွဲဖြေမယ့်နေ့ကို
စာရပြီလားမမေးပဲ တွဲနေတဲ့သူရှိလားမေးနေတယ် ဟီးဟီး"
"အာပါးက အငယ်လေးကစာကရပြီးသားဆိုတာသိတယ်လေ"
ကျောင်းနားရောက်ခါနီးတော့ အာပါးက
"အငယ်လေးရေ သေချာဖြေခဲ့န်ော"
"ဟုတ်ကဲ့ပါ အာပါး ကားဂရုစိုက်မောင်းနော်"ဟုနှုတ်ဆက်ပြီး ကားပေါ်မှဆင်းလိုက်သည်။
ထုံးစံအတိုင်း Lisaကတော့ ကျောင်းရှေ့မှာ ကျမကိုစောင့်နေသည်။
ကျမကိုတွေ့တော့
"Hey Roséရေ"ဆိုပြီး ကျမဆီပြေးလာသည်။
"စာတွေရပြီလား Lisa"
"ရပြီ စာတွေ အရမ်းပိုင်နေပြီ"
"ဟုတ်ပါပြီ စာမေးပွဲခန်းထဲရောက်ရင်မချမ်းနဲ့နော်"
"ဟုတ်ကဲ့ပါ ဆရာမ"
"မပြောင်နဲ့ မပြောင်နဲ့ ပြောင်တာ နင့်နဖူးပဲကောင်းတယ်"လို့ကျမ စလိုက်တော့
ထုံးစံအတိုင်း နှုတ်ခမ်းထော်ပါတေ့ာသည်။
"Rosé နင်က ငါ့ကို စာတွေကူလုပ်ခဲ့ပေးတာဆိုတော့ စာမေးပွဲနောက်ဆုံးရက်ကျ နင်သွားချင်၊စားချင်တာ အကုန် ဒီကLiLiလေးက အကုန်၀ယ်ကျွေး၊အကုန်လိုက်ပို့ပေးမယ်"
"Haha တကယ်ကြီးပြောနေတာလား"
"အင်းတကယ်ပေါ့ စနေတယ်ထင်လို့လား"
"အင်း"
"Ya ဒီ Roséကတော့ ငါထုပစ်တော့မယ်၊တကယ်ပြောနေတာ၊နင်ဖြစ်ချင်တာပြောလိုက်"
"ငါလုပ်ချင်တာပြောရမယ်ဆိုရင်တော့
ကစားကွင်းသွားချင်တယ်"
"အိုကေ ကစားကွင်းလိုက်ပို့ပေးမယ်"
"Lisa ပြောပြီးမှမပို့ကြည့်နော်"
"အေးပါ တကယ်ပို့ပေးမယ် ကတိ"အတန်းထဲရောက်ပြီး ခဏအကြာမှာတော့
အတန်းခေါင်းဆောင်က-
"ကလေးတို့ လွယ်အိတ်တွေရှေ့မှာလာထားပေးပါ၊လိုအပ်တဲ့ ဘောပင်၊ခဲတံတွေပဲယူထားပေးပါ ခဏနေ ဆရာမလာပြီး စာမေးပွဲ စပါတော့မယ်"
CZYTASZ
In Another life I Would Be Your Girl
Romans-အချိန်တန်လျှင် မိဘသဘောတူသည့် သူနှင့်သာ လက်တွဲမည်၊မိဘစိတ်ချမ်းသာအောင်ထားမည်ဟု ဆုံးဖြတ်ထားသော သမီးအလိမ်မာလေး"Rosé"နှင့် -ထိုမိန်းကလေးကိုမှ ရူးရူးမူးမူးစွဲလန်းသွားသော "Hyeri" -Roséရဲ့အချစ်ဆုံးသူငယ်ချင်း Lisa ***သူတို့တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ????*** Jen...