Chapter 3

309 24 0
                                    


နောက်တနေ့ မနက်-
Roséအိပ်ယာထနောက်ကျသွားလို့လားမသိ
အိပ်ယာနိုးတော့ မမSoo ကိုပင်မတွေ့တော့
ကျောင်းသွားဖို့ ခပ်သုတ်သုတ်သာ ပြင်ဆင်ရင်း
အာပါး စောင့်နေရမှာဆိုးသဖြင့် မြန်မြန်အောက်သို့ဆင်းခဲ့သည်။

Roséရဲ့ ကျောင်းက အိမ်နဲ့ အရမ်းမ‌ဝေး
လမ်းလျောက်လျှင်တောင် 15မိနစ်ထက်တော့ပိုမလျောက်ရ။အာပါးအလုပ်ရှုပ်မည်ဆိုးသဖြင့် လိုက်မပို့လဲရသည်ဟုပြောသော်လည်း အာပါးကတော့ Companyသွားတဲ့ လမ်းနှင့်ကြုံနေသည်မို့ မနက်တိုင်း ကျောင်းအပို့ကိုတော့ နေ့စဉ်တာ၀န်ယူသည်။အပြန်ကိုတော့ Lisaရဲ့ စက်ဘီးနောက်မှ ကပ်လိုက်ရင်း အိမ်ကိုပြန်သည်။

မမSoo ကိုတော့ အိုမားက လိုက်ပို့ချင်သော်လည်း မမ Sooက Busကားနှင့်သာသွားသည်။ အထက်တန်းကျောင်းသူမို့ အိမ်ကလိုက်ပို့တာကို မကြိုက်၍လားတော့မသိ။ မမ က စာသိပ်လုပ်တတ်တဲ့ Typeထဲကတော့မဟုတ်၊ ဉာဏ်ကတော့ အင်မတန်ကောင်းတဲ့ မမ။
သူက ပန်းချီဝါသနာပါတဲ့သူ၊၀ါသနာထက်ပိုပါတယ် မမ ကပြိုင်ပွဲတွေမှာတောင်ဆုရတဲ့သူ။ မမ က အလယ်တန်းလောက်ထဲက ကျောင်းလစ်တတ်တယ်။ခုအထက်တန်းရောက်တော့ ကျောင်းကိုခဏခဏပိုပြေး၊သူငယ်ချင်းတွေနဲ့ ကာရာအိုကေခန်းသွား၊လွယ်အိတ်ထဲဆေးလိပ်မိလို့ ကျောင်းကဆရာတွေက ဖုန်းဆက်ခေါ်ပြီးတိုင်လို့ အိုမားက ကျောင်းကိုခဏခဏလက်မှတ်လာထိုးရပေါင်းမနည်း။ ဒါကြောင့် အိုမားက မမ ကို ဆိုးတယ်လို့ခေါင်းစဉ်တပ်ထားသည်လားတော့မသိ။ အိုမားကသာ အဲ့လိုခေါင်းစဉ်တပ်ပေမယ့် အာပါးကတော့ မမ Sooကို ဆိုးတယ်လို့မမြင် လူငယ်ပဲ ဒီလောက်ကတော့ ဖြစ်တတ်ပါတယ်။အသက်ရွယ်ရလာရင် ရင့်ကျက်သွားပါလိမ့်မယ် ဟုပဲပြောကာ ဆူတာမျိုးမရှိခဲ့။ အာပါးက အဲ့သလိုခပ်အေးအေးသမား။

"အာပါးရေ နောက်ကျနေပြီသွားမယ်လာ"
"သမီးငယ် မနက်စာစာအုံးလေ"
"မစားတော့ဖူးကျောင်းရောက်မှ တခုခုစားလိုက်မယ်အိုမား"ဟု ဆိုကာ
အာပါးနဲ့နှစ်ယောက်သား ကားပေါ်သို့ခပ်သုတ်သုတ်တက်ခဲ့သည်။

"Rosé,သမီးငယ် တခါမှ အိပ်ယာထနောက်မကျဖူးပါဘူး၊ ညက စာလုပ်တာ များသွားလို့လား?"
"သမီး စာလုပ်ရင်း ကော်ဖီသောက်တော့ မျက်စိကြောင်သွားတာ အဲ့တာကြောင့်နောက်ကျနေတာ" ဟု အာပါးကို စောစောစီးစီးညာမိသွားသည်။ အမှန်တော့ မမSoo ကိစ္စကြောင့်
ဟိုတွေးဒီတွေးနှင့်တော်တော်နဲ့ အိပ်မပျော်ဘဲ
အိပ်ယာထနောက်ကျသွားခြင်းပင်။

In Another life I Would Be Your GirlWhere stories live. Discover now