Chapter 6

222 24 0
                                    

တစ်ခုသော ကျောင်းပိတ်ရက်တွင်-
"Roséရေ မနက်ဖြန် အားလား?"ဟု မမSooမှမေးလာသည်။
"အားတယ် မမ ဘာဖြစ်လို့လဲဟင်"
"မမ ဟန်မြစ်မှာ ပန်းချီသွားဆွဲချင်လို့ Roséလေးအားရင် မမနဲ့ အဖော်လိုက်ခဲ့ပေးပါလား"
"အော် ရတယ်လေ မမ လိုက်ပေးမယ်"

ထိုအချိန်တွင် အိုမားက တံခါးလာခေါက်သည်။
"Soo အောက်ခဏဆင်းခဲ့ အိုမားပြောစရာရှိလို့"
"ဟုတ်ကဲ့ လာပါပြီ"

အိုမားနှင့် မမSooအောက်ဆင်းသွားလေသည်။
ပြသာနာတခုခုများဖြစ်လေသည်လားဟု Roséစိတ်ပူမိသည်။ အိုမားနဲ့ မမSoo နောက်သို့လိုက်သွား၍ တိတ်တိတ်လေးခိုးနားထောင်ရင်ကောင်းမလား တွေးလိုက်ပေမယ့် စပ်စုရတာ ဝါသနာမပါတဲ့ Roséအဖို့တော့ လိုက်မသွားဘဲ အခန်းထဲ၌သာ စာလုပ်ရင်းကျန်နေခဲ့လေသည်။

"Soo ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်နေတယ်ဆို"
"အိုမား ဘယ်လိုသိတာလဲ?"
"အိုမားအသိက အဲ့ဆိုင်ကိုလာရင်း Sooကိုတွေ့လို့လှန်းပြောပြလို့သိရတာ"
"ဘာလို့ အချိန်ပိုင်းလုပ်နေရတာလဲ အိမ်က မိဘတွေ ပေးတာမလုံလောက်လို့လား၊အချိန်ပိုင်းလုပ်နေမယ့်အချိန်မှာ စာလုပ်နေပါလား "
"Soo ပန်းချီဆွဲဖို့လိုအပ်တဲ့ပစ္စည်းတွေ၀ယ်ချင်လို့လုပ်တာပါ"
"လိုချင်တာရှိရင် အိုမားတို့ကိုပြောလို့ရတာပဲလေ"
"အမြဲ အိမ်ကမတောင်းချင်လို့ Sooလဲ ငယ်မှမငယ်တော့ ကိုယ့်အားကိုယ်ကိုးချင်တယ်"
"အခုစာမေးပွဲသိပ်မနီးသေးတဲ့အချိန်ဆိုတော့
အိုမားဇွတ်မတားတော့ဘူး ဒါပေမယ့် စာမေးပွဲနီးလာရင်တော့ အချိန်ပိုင်းလုပ်တာကိုရပ်ကိုရပ်ရမယ်" ဟု လေသံမာမာနဲ့ အိုမားကပြောလာသည်။
"ဒါပေမယ့် အိုမား ...."
"Jisoo အိုမား ထပ်ပြီးမပြောဘူး အိုမားပြောတာကို လက်ခံရမယ်"
"ပြီးတော့ အိုမားမကြိုက်တဲ့ကိစ္စတွေလဲ ထပ်မလုပ်ရင်ကောင်းမယ် အိုမား အဲ့ကိစ္စတွေနဲ့ပက်သက်ပြီးထပ်မပြောတာဟာ လက်ခံပေးတာမဟုတ်ဘူးဆိုတာ Sooသိတယ်မလား"
ကျမလဲ ဘာမှမပြောပဲရပ်သာရပ်နေခဲ့သည်။
"အိုမားပြောချင်တာကတေ့ာပြီးပြီ Sooပြောစရာရှိသေးလား"
"မရှိတော့ပါဘူး" ဟုဆိုလိုက်တော့ အိုမားက
သူ့အခန်းထဲကိုဝင်သွားသည်။

အိုမားနဲ့Soo က ဘယ်လိုလုပ်မှ အဆင်ပြေပြေရှိမလဲကို Sooကိုယ်တိုင်လဲမတွေးတတ်တော့ ...
အိုမားက သူ့စကားဆိုလျှင် နာခံမှကြိုက်သည့်သူမျိုး၊ ကျမကလဲ ကျမ မှန်တယ်ထင်ရင် ဘယ်သူလာပြောပြော မပြင်ချင်သည့်သူမျိုး ...
အချိန်ပိုင်းအလုပ် လုပ်တာက Jenအတွက်မွေးနေ့လက်ဆောင်ကို ကိုယ့်လုပ်အားခရတဲ့ပိုက်ဆံနဲ့ဝယ်ပေးချင်လို့ လုပ်တာကိုသာ အိုမားသိရင် Sooကို ဒီ့ထက်ပိုစိတ်ဆိုးလေမလား။

In Another life I Would Be Your GirlWhere stories live. Discover now