နောက်တနေ့ မနက် -
"အန်တီ မဂ်လာပါ"
"အေး Lisaရေ မဂ်လာပါ စောစောစီးစီးပါလား ဘယ်သွားကြမို့ချိန်းထားလို့လဲ?"
"မသွားပါဘူး စာလုပ်ဖို့ ချိန်းထားတာပါ အန်တီ"
"အေးအေးကောင်းတယ်"
"အန်တီ Rosé နိုးပြီလား?"
"မနိုးသေးဖူး Lisaရေ အိပ်နေတုန်းပဲ?"
"အန်တီ ဘာတွေချက်နေတာလဲ?"
"ကင်ချီထမင်းကြော်နဲ့ ပဲပင်ပေါက်ဟင်းရည်လေ
Lisa မနက်စာမစားရသေးရင် တခါထဲစားလိုက်ပါလား"
"ဟီး စားမယ် ခုတော့ Roséကိုသွားနှိုးလိုက်အုံးမယ်"
"အေးပါကွယ်"
-------------------
Roséရဲ့ အခန်း၀ရောက်တော့ တံခါးခေါက်လိုက်သည်။
Roséဘက်မှ ဘာအသံမှမလာတာနဲ့
ဒီအတိုင်းသာ၀င်သွားလိုက်သည်။
အခန်းထဲရောက်တော့ -
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Roséကိုတွေ့လိုက်ရတော့ **အိပ်နေတာတောင် ချစ်စရာကောင်းပါလား***ဟု ဖြတ်ခနဲတွေးမိလိုက်သေး
"တွေ့ပြီ ဒီတခါတော့ ငါ့အလှည့်ပဲ Roséရေ"ဟုခပ်တိုးတိုးပြောပြီး သူ့ကုတင်နားချဉ်းကပ်သွားသည်။
ကုတင်နားရောက်တော့ အိပ်နေတဲ့ပုံကို
ရှူထောင့်မျိုးစုံမှ ဓာတ်ပုံအမိအရရိုက်ယူထားလိုက်သည်။ ပြီးတော့
"ရိုပျင်းရေ ထတော့ ဘယ်အချိန်ရှိပြီလဲ"
"ရိုပျင်း ရိုပျင်းရေ ထတော့ ငါရောက်ပြီ"ဆိုပြီး အာပြဲနဲ့ နှိုးလိုက်သည်။
ဒီလိုနဲ့ Rosé မျက်လုံးဖွင့်လာပြီး
"ဟယ် Lisa ဘယ်အချိန်တောင်ရှိပြီမို့
နင်ကရောက်နေတာတုံး"
"ဘယ်အချိန်ရမှာလဲ ရှစ်နာရီရှိပြီလေ"
"ဟင် နင်နဲ့ငါချိန်းထားတာ ကိုးနာရီမှလေ"
"အေးလေ အဲ့တာဘာဖြစ်တုန်း လာတော့"
"အေးပါ လာတော့လဲ ရောက်ပြီပေါ့၊ခဏတော့စောင့်အုံး ငါ ကိုယ်လက်သန့်စင်အုံးမယ်"
"အေးပါ မမSooကောမတွေ့ပါလား"
"မမSooက မနက်တိုင်းပန်းခြံမှာလေ့ကျင့်ခန်းလုပ်တယ်လေ"
"နင်ကော လိုက်မသွားဘူးလား Rosé"
"လိုက်ချင်ပါဘူး ပျင်းလို့"
"ငါ့ကိုသာ လီပျင်းတဲ့ နင်လဲ ရိုပျင်းပဲ"
"အမယ် နာမည်တောင်ဆင်တူပေးနေတယ်ပေါ့ ငါနဲ့"
"ဟားဟား ဖြစ်ရတယ် သွားသွား မျက်နှာသစ်မယ်ဆိုသစ်တော့ ငါကရေချိုးပြီးပြီ နင့်ရဲ့အနံ့တွေ ငါ့ကို ကူးကုန်မယ်"
"အမယ်အမယ် သူများအခန်းထဲလာပြီး ကြီးကြီးကျယ်ကျယ်လုပ်နေတဲ့လီပျင်း လာခဲ့" ဆိုပြီး ကျမလဲ Lisaကိုဆွဲပြီး ကလိထိုးပြစ်သည်။
Lisaက ကလိထိုးရင်အရမ်းယားတတ်တဲ့ကောင်မလေးပေါ့ ။
Lisaတယောက်တွန့်လိမ့်ပြီး
"Ya Ya Ya Rosé Ya တော်တော့တော်တော့
စတာပါဟယ် မနံ့ပါဘူး နင့်အနံ့လေးကမွှေးနေတာပဲ ကလိမထိုးတော့နဲ့ ငါယားလို့သေတော့မယ်"ဆိုပြီး ပြောတော့မှ ကျမလွှတ်ပေးလိုက်ပြီး
"ဟားဟား စောစောစီးစီး နင်နဲ့ဆော့ရတာ ကောင်းလိုက်တာ၊ခဏစောင့်နော် မျက်နှာသွားသစ်လိုက်အုံးမယ်"ဆိုပြီး ကျမ ရေချိူးခန်းထဲသို့ ၀င်ခဲ့သည်။
ESTÁS LEYENDO
In Another life I Would Be Your Girl
Romance-အချိန်တန်လျှင် မိဘသဘောတူသည့် သူနှင့်သာ လက်တွဲမည်၊မိဘစိတ်ချမ်းသာအောင်ထားမည်ဟု ဆုံးဖြတ်ထားသော သမီးအလိမ်မာလေး"Rosé"နှင့် -ထိုမိန်းကလေးကိုမှ ရူးရူးမူးမူးစွဲလန်းသွားသော "Hyeri" -Roséရဲ့အချစ်ဆုံးသူငယ်ချင်း Lisa ***သူတို့တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ????*** Jen...