ဒီနေ့ကျောင်းရောက်တော့ အရင်လို ကျမလာတာကို စောင့်နေကြ Lisaကို မမြင်တော့ ရင်ထဲဟာတာတာရယ်။
"Lisa ငါ့ကိုစိတ်ဆိုးပြီး စောင့်တောင်မစောင့်တော့ဖူးပဲ၊ ဒါမှမဟုတ် သူနောက်ကျနေတာများလား?"
Lisaများနောက်ကျနေတာလားဟူသော အတွေးဖြင့် ဖုန်းဆက်ကြည့်သော်လည်းဖုန်းမကိုင်၊စာပို့သော်လည်းမကြည့်သဖြင့် ကျမလဲ သက်ပြင်းသာချပြီး စာသင်ခန်းရှိရာသို့သာ တယောက်တည်းလျောက်လာခဲ့သည်။
အတန်းထဲရောက်တော့လဲ Lisa ကိုမတွေ့
ခဏအကြာတော့ ကျမနောက်မှာ ခြေသံကြားသဖြင့် Lisaများလားဟုအထင်ဖြင့် လှည့်ကြည့်လိုက်သောအခါ-
"ဟင် ဆယ်ဂျင် ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဖူး ငါ ဒီနေ့ နင့်ဘေးမှာထိုင်မှာနော်"
"ဘာဖြစ်လို့လဲ ငါ့ဘေးမှာ Lisaရှိတယ်လေ"
"ခုပဲ Lisaနဲ့ ကန်တင်းမှာတွေ့လို့ပြောလိုက်တာ
ငါ့ကို သူ့နေရာမှာ ထိုင်ပေးပါတဲ့ ငါ့နေရာမှာသူထိုင်မယ်တဲ့"
"ဘာဖြစ်လို့တဲ့လဲ"
"ဘာဖြစ်လို့လဲတော့ ငါလဲမသိဘူး ငါ့ကိုတော့မုန့်၀ယ်ကျွေးပြီး ထိုင်ခုံလဲပေးဖို့ပြောတယ်"
"Lisaဘာဖြစ်နေတာလဲပဲ"
"ငါထိုင်တော့မယ်နော် Rosé"
"အေးထိုင်ပါ Lisaက အခုကန်တင်းမှာပေါ့ ဟုတ်လား ဆယ်ဂျင်"
"အင်း ဟုတ်တယ် ဂျောင်မင်တို့နဲ့ မုန့်စားနေကြတယ်"
ကျမလဲ ကန်တင်းဘက်သို့ထွက်ခဲ့ပြီး-
ကန်တင်းရောက်တော့ အပေါင်းအပါတသိုက်နဲ့ရယ်မောပြီး ပွဲကျနေတဲ့ Lisaကိုတွေ့ပါပြီ။
ကျမလဲ သူရှိရာနေရာသို့ လာခဲ့ပြီး
"Lisa"လို့ခေါ်လိုက်တော့ စောနကပြုံးရယ်နေတဲ့ မျက်နှာလေးက ချက်ချင်းပင် တည်ပြီး ကျမခေါ်နေတာကို မကြားချင်ယောင်ဆောင်နေလေရဲ့။
"Lisa ငါခေါ်နေတာမကြားဖူးလား" ဟုစိတ်မရှည်ပဲ ထပ်ပြောလိုက်ခါမှ
"ဘာလဲ ပြော"ဟူသော ခပ်ပြတ်ပြတ်အသံနဲ့ ပြန်ဖြေသည်။
"ငါနဲ့ စကားခဏပြောရအောင် "
"ငါမအားဘူး Rosé နောက်မှပြောရအောင်"
"မရဘူး ငါအခုပြောစရာရှိတယ်"
"ငါလဲ အခုမအားဘူး"
သူက မရမကငြင်းနေတော့ ကျမလဲ ဘယ်ရမလဲ
"မအားလဲလိုက်ခဲ့ဟာ"ဆိုပြီး
သူ့အပေါင်းအသင်းတသိုက်ကြားထဲမှ လက်ကိုဆွဲပြီး ခေါ်လာခဲ့သည်။
ကျမရဲ့ ရုတ်တရက်ဆန်တဲ့ဆွဲခေါ်မှုကြောင့် Lisaလဲ ကျမနောက်မှ ပါလာခဲ့သည်။
ဘောလုံးကွင်းနားသို့ရောက်ခါမှ ကျမလဲ ဆွဲလာတဲ့ သူ့လက်ကိုလွတ်ပြီး
"Lisa နင်က ငါ့နားမှာမထိုင်ချင်တော့ဘူးပေါ့၊ဘာလို့နင်က ဆယ်ဂျင်နဲ့နေရာချင်းလဲရတာလဲ"
"ငါ့ကို သူငယ်ချင်းလို့မသတ်မှတ်တဲ့သူအနားမှာ
ငါကဘာလို့နေရမှာလဲ"
"နင် ဘာတွေပြောနေတာလဲ ငါက ဘာလို့
နင့်ကိုသူငယ်ချင်းလို့မသတ်မှတ်ရမှာလဲ"
"နင့်ကိုနင် အသိဆုံးဖြစ်မှာပေါ့ Rosé"
"မနေ့ကကိစ္စအတွက်ကြောင့် စိတ်ဆိုးနေတယ်ဆိုရင်တော့ ငါတောင်းပန်ပါတယ်၊ငါ နင့်ကိုမပြောပြမိတာ ငါ့အပြစ်ပါ၊သူငယ်ချင်းအဖြစ်မစဉ်းစားလို့ နင့်ကို မပြောပြတာမဟုတ်ပါဖူး Lisaရယ်"
"ငါ့ကိုစိတ်မဆိုးပါနဲ့ ငါ့အနားမှာပဲ လာထိုင်နော်"
"မထိုင်ချင်ဘူး"
"ငါတောင်းပန်တယ်လေ နောက်ဆို အဲ့လိုမလုပ်တော့ပါဘူး စိတ်မဆိုးပါနဲ့တော့ဟာ Lisaကလဲ"
ကျမတောင်းပန်နေလဲ ကျမကို ဘာမှ ပြန်မပြောဘဲ Lisaက ကျမအနားကနေ ချာကနဲ လှည့်ထွက်သွားသည်။
"Ya Lisa ဘယ်ကိုထွက်သွားတာလဲ ငါတောင်းပန်နေတယ်လေ အဖက်လုပ်ပါအုံး"
ကျမလဲ သူ့နောက်အပြေးလိုက်ပြီး
သူ့လက်ကိုဆွဲတော့ ကျမလက်ကို ဖြုတ်ချပြီး
"ငါ နင်နဲ့ ပြန်အဆင်ပြေဖို့ အဆင်သင့်မဖြစ်သေးဖူး၊ငါ့ကို တယောက်ထဲလွတ်ထားပေးပါ"ဟုပြောပြီးထွက်သွားတော့
ကျမလဲ နောက်ကနေပြီး
"Lisa ငါ ဒီလောက်တောင်းပန်နေတာတောင် နင်ကတော်တော်အသည်းမာတာပဲ နင် ငါ့အနားမှာမထိုင်ချင်တာ ငါ့ကိုတမင်ထားခဲ့ပြီး နင်အပေါင်းအသင်းအသစ်တွေနဲ့ နေချင်လို့မလား"ဟု ကျမအော်ပြောလိုက်တေ့ာ
Lisaက ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့
ကျမကို လှည့်ကြည့်ပြီး ကျမရှိရာဆီကို ပြန်လျောက်လာပြီး
"Rosé နင်ဘယ်လိုပြောလိုက်တာလဲ
ငါက ပဲ အပေါင်းအသင်းအသစ်တွေနဲ့နေချင်လို့ဟုတ်လား၊ အဲ့စကားကို ဘယ်သူကပြောရမှာလဲ နင်သေချာစဉ်းစားစမ်းပါအုံး"
ကျမ ရုတ်တရက် အံ့ဩသွားသည်
Lisaက ကျမကို တခါမှ အဲ့သလိုအကြည့်တွေ
အဲ့သလိုလေသံတွေနဲ့ တခါမှ မပြောဖူးဘူး။
"နင့်လိုသာပြောကြေးဆို ငါနဲ့သွားပြောဖို့ပြောထားတဲ့နေရာကို နင့်ရဲ့သဘောနဲ့တခြားသူကိုခေါ်လိုက်တာကကော၊ ငါဘေးမှာရှိနေတာတောင် တူတူသွားဖို့ ငါအဆင်ပြေရဲ့လားတောင်မမေးပဲ နင့်ရဲ့သဘောအတိုင်းပဲ ခေါ်လိုက်တာကျတော့ကော၊ ငါစိတ်ဆိုးပြီးထွက်သွားတာတောင်
ငါ့နောက်ကိုမလိုက်ဘဲ တခြားသူနဲ့ပဲကျန်ခဲ့တာကကော၊ ငါကတော့ နင်လိုက်လာမလားဆိုပြီး ရပ်စောင့်နေခဲ့သေးတာ၊ လိုက်မလာလို့ဆိုင်နားထိလာကြည့်တော့ နင်က ရီမောပျော်ပါးလို့၊ ပြောပါအုံး အသစ်တွေ့တာက နင်လား ငါလားဆိုတာကို" ဆိုပြီး Lisaက သူရဲ့မကျေနပ်ချက်တွေကို
ပေါက်ကွဲပြီး ကျမကိုပြောလာသည်။
ထိုစကားသံတွေကြားပြီး ကျမ Lisaအပေါ် အရမ်းလွန်သွားတာကို ကျမကိုယ်ကျမ သိသွားသည်။ ဘယ်လိုစကားတွေနဲ့တောင်းပန်ရမလဲတောင်မသိတော့ပါ။ ကျမ ရင်ထဲမှာ၀မ်းနည်းပြီး မျက်ရည်များသာ ဝဲလာခဲ့သည်။
"Lisa ငါ ...ငါ တောင်းပန်ပါတယ်၊ ငါ နင့်အပေါ်အရမ်းလွန်သွားတယ်"
Lisaက ဘာမှမပြောဘဲ စာသင်ခန်းဘက်ကိုသာဦးတည်ပြီးထွက်သွားသည်။
စာသင်ခန်းထဲရောက်တော့ ကျမဘေးနားကခုံတွင်မထိုင်ဘဲ တခြားနေရာ၌ထိုင်လေသည်။
ကျမကလဲ "Lisaကလဲ လာပါ ငါတို့နေရာမှာပဲထိုင်ရအောင်"
Lisaက ဘာမှပြန်မပြော
"နင်က ငါတို့ခုံနေရာမှာမထိုင်ချင်ဘူးပေါ့ Okလေဟုတ်ပြီ"ဆိုပြီး ကျမနေရာကိုပြန်လာခဲ့သည်။ နေရာကိုရောက်တော့ ကျမလဲ ပစ္စည်းတွေသိမ်းပြီး Lisaထိုင်နေတဲ့ ဘေးက ခုံကို ကျမ ပစ္စည်းတွေတင်ပစ်သည်။
"နင်က ငါ့အနားမလာရင် နင့်အနား ငါလာထိုင်မှာပေါ့ မဟုတ်ဘူးလား" ဆိုပြီး မျက်နှာချိူသွေးပြီးပြောလဲ Lisaက ကျမကိုဘာမှပြန်မပြောပေ။
ကျမလဲ တမနက်လုံး စာသင်ချိန်ကလွဲလို့
သာလိကာလို ပွစိပွစိလုပ်နေပေမယ့် သူက ကျောက်ရုပ်ကြီးလိုပဲ ကျမကို အဖက်မလုပ်ဘဲ
နေနေတဲ့ Lisa 🥺ထမင်းစားဆင်းချိန်ရောက်တော့ -
စိတ်ကောက်မပြေသေးတဲ့ Lisaလေးကို
"ကဲ မင်းသမီးလေးLiLiရေ ထမင်းစားချိန်ရောက်ပါပြီ ဒီနေ့ဘာနဲ့များသုံးဆောင်ချင်ပါသလဲ အထိန်းတော်ကြီး Roséနဲ့အတူ ကန်တင်းသို့ကြွလှန်းတော်မူရအောင်"လို့ကျမက ရွတ်နောက်နောက်ပြောလိုက်တော့ Lisaက ပြုံးသွားလေသည်။ ဒီလိုပုံစံက ကျမနေနေကျပုံစံတော့မဟုတ် ကျမက Lisaအပေါ်အရမ်းလွန်ခဲ့တယ်မလား ကျမ ဒီလောက်တော့ပြန်ချော့ရမှာပေါ့လေ။ ကျမက အေးတိအေးစက်နဲ့ မချော့ပဲနေမိလို့ ကျမနဲ့Lisa သူငယ်ချင်းခန်းပြတ်သွားမှာကို ကျမ မလိုချင်တာတော့အမှန်ပါ။
"မင်းသမီးလေး ပြုံးတော်မူလိုက်တာပဲ အထိန်းတော်ကြီးကို စိတ်မဆိုးတော့ဘူးပေါ့န်ော"ဟုကျမပြောလိုက်တော့ Lisaက ဘာမှမပြောဘဲ ကျမလက်ကိုသာဆွဲပြီး ကန်တင်းဘက်သို့ထွက်ခဲ့သည်။Lisa POV - ပြောင်ချော်ချော်နဲ့တောင် ဘာလို့အဲ့ေလာက်ချစ်စရာကောင်းနေရတာလဲ မခေါ်ပဲ တစ်ရက်လုံးပစ်ထားမို့ပါဆို အခုတော့ သူလုပ်တာနဲ့ရီမိသွားပြီ ။ မနေနိုင်တော့ဘူးပြန်ခေါ်လိုက်တော့မယ်။ ဒီအတိုင်းတော့ပြန်မခေါ်နိုင်ဘူး။
သူ့ကိုနဲနဲတော့ပညာပေးမှရမယ်။ထမင်းစားပြီးတော့လဲ ကျမကို စကားမပြောသေး။
"Lisa Ya ငါ့ကို စကားမပြောပဲနေတော့မှာလား?၊
ဟင် ဟင် လို့ ပြောပါအုံးတခုခု"
ထိုအချိန် Lisaက ဖုန်းထုတ်ပြီး စာရိုက်နေလေသည်။ ခဏနေတော့ ကျမဆီ စာရောက်လာသည်။
Lisa's Message-"စကားပြောစေချင်ရင် ငါ့ဆန္ဒတခုကိုဖြည့်ဆည်းပေးရမယ်၊အဲ့ကျရင် ပြောမယ်"
"ဘာဆန္ဒလဲပြောလေ မုန့်၀ယ်ကျွေးရမှာလား"ဟု ကျမကပြောလိုက်တော့ Lisaက မဖြေပဲ စာပဲထပ်ရိုက်နေပြန်သည်။
Lisa's Message- " ဘာဆန္ဒလဲတော့ မစဉ်းစားရသေးဖူး။ ဒါပေမယ့် လုပ်ပေးမယ်လို့ ကတိအရင်ပေး မဟုတ်ရင် ခေါ်တော့ဖူး နင့်ကို"
"အိုကီ နင်ပြောတဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်၊အဲ့တာကြောင့် အခုငါ့ကိုစကားပြောတော့"ဟုပြောလိုက်တော့
"အထိန်းတော်ကြီး အရူးကြီး Rosé"ဆိုပြီး ကျမပါးကို ညှစ်ပြီး ပြေးထွက်သွားလေသည်။
ကျမလဲ Lisaနောက်သို့ပြေးလိုက်သွားပြီး
"Lisa Yaငါ့ကိုအရူးကြီးတဲ့တွေ့မယ်"
ဒီလိုနဲ့ပဲ ကျမနဲ့ Lisaငြိမ်းချမ်းရေးရသွားတယ်ဆိုပါတော့ ....။-------------------------------
ဖတ်ရတာသဘောကျတယ်ဆို Voteပေးခဲ့ပေးနော်။ အကြံပေးချင်တာရှိရင်လဲ Commentပေးခဲ့လို့ရပါတယ်။
Four 🍀
KAMU SEDANG MEMBACA
In Another life I Would Be Your Girl
Romansa-အချိန်တန်လျှင် မိဘသဘောတူသည့် သူနှင့်သာ လက်တွဲမည်၊မိဘစိတ်ချမ်းသာအောင်ထားမည်ဟု ဆုံးဖြတ်ထားသော သမီးအလိမ်မာလေး"Rosé"နှင့် -ထိုမိန်းကလေးကိုမှ ရူးရူးမူးမူးစွဲလန်းသွားသော "Hyeri" -Roséရဲ့အချစ်ဆုံးသူငယ်ချင်း Lisa ***သူတို့တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ????*** Jen...