Part 13

3.1K 140 13
                                    

At home Decoration & Furniture Shop,

လချုပ်စာရင်းတွေ စစ်နေရင်းနာရီကိုကြည့်လိုက်တော့ 8 နာရီ 45 မိနစ်တောင်ရှိနေပြီ။အချိန်တွေကလည်းကုန်တာမြန်လိုက်တာ။

ဒေါက် ဒေါက်

"ဝင်ခဲ့"

"စိုင်း ရောက်ပြီ ကိုကို"

မတွေ့ချင်တဲ့သူက အခုရုံးခန်းထဲကိုတောင်ရောက်နေပြီ။

intercom ကိုနှိပ်ပြီး သူရိန့်ကိုလှမ်းခေါ်လိုက်သည်။

"ဧည့်သည်ကို living room ထဲလိုက်ပို့လိုက် သူရိန် ပြီးရင် မင်းပြန်လာခဲ့"

"9 နာရီတောင်ထိုးတော့မှာဘဲကို ဒီမှာဘဲနေတော့မယ်လေ"

"သူရိန်ငါပြောတာကြားတယ်မဟုတ်လား"

"ဟုတ် ဆရာကြားပါတယ်"

......

"ကိုစိုင်း‌ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ"

"ရတယ် သူရိန် ငါ့ဘာသာဘဲ သွားတော့မယ် မင်းဒီမှာနေခဲ့လိုက်တော့"

စိုင်းမင်းခန့်ထွက်သွားတော့မှ

"ကျွန်တော်မတွေ့မိလိုက်လို့ဆရာ တွေ့မိရင်တော့ မဝင်လာခိုင်းပါဘူး"

"ဆိုင်ကိုလာတာပြဿနာမဟုတ်ဘူး အဓိကက အိမ်ကိုမလာဖို့ဘဲ ဟိုတစ်နေ့က သူလာတော့ ကိုကိုတွေ့သွားတယ်"

"ကိုစိုင်းက ပေါ့သေး‌သေးမဟုတ်ဘူး ဆရာ အခွင့်အရေးပေးတာနဲ့ ရောင့်တက်မဲ့လူစားမျိုး အဲ့တာကြောင့် သတိထားပါ"

"ငါလည်း ဒီတစ်လကိုမြန်မြန်ကျော်လွှားချင်ပြီ"

"သီးခံလိုက်ပါဆရာရယ် တစ်လဆိုတာ မကြာပါဘူး"

"အေးလေ ငါလည်း လုပ်နေတာဘဲ 9 နာရီထိုးနေပြီ သူရိန်ရေ ငါသွားရတော့မယ် အရေးကြီးရင် ဖုန်းဆက်လိုက် သူရိန်"

.................

မှန်ခန်းဖြစ်နေတာကြောင့် ဂီဂါလာတာကို သူကောင်းကောင်းကြီးမြင်နေရသည်။

"ကိုကိုလာပြီ ဘယ်သွားရင်ကောင်းမလဲ"

တံခါးဖွင့်ဖွင့်ချင်းဘဲ ရှိသေးတယ် ပြေးဖက်တဲ့ စိုင်းမင်းခန့်ကြောင့် ဂီဂါ စိတ်တိုရပြန်ပြီ။

Lost In Love With Pain〽️Where stories live. Discover now