Part 36

2.5K 116 13
                                    

ဂီဂါတစ်ယောက် ဆေးလိမ်း‌ ပေးတာခံချင်တာကြောင့် အလုပ်ရှုပ်နေတဲ့ ပန်ပန်နားမရဲတရဲလည်းလာသည်။

"လိမ်းပေးမယ် မှောက်လိုက်"

ပန်ပန်ကတော့ ဆေးလိမ်းပေးနေပြီး ဂီဂါကတော့ ကုတင်ပေါ်မှာ မှောက်လျက်အနေအထားလေးနဲ့ ဆေးလိမ်းခံနေတာပေါ့။

"‌ဖြေးဖြေးလိမ်းပေးနော် နာနေတာ"

"ဘယ်တုန်းက ရက်စက်ဖူးလို့လဲ"

"ဪ အင်းအင်း ကိုကိုကမရက်စက်ပါဘူး ရိုက်တာလေးဘဲ ကြမ်းတာ"

"အရိုက်ခံရပါများလို့လားမသိဘူး အရင်ကလောက်သိပ်မနာတော့သလိုဘဲ ထုံသွားဝာာလားမသိဘူး"

"စိတ်ချ နောက်တစ်ခါ ဒီထက်ပိုနာစေရမယ်"

"စတာ မဟုတ်ဘူး နာတယ်လို့ နည်းနည်းဘဲ မနာတော့ဘူးလို့ပြောချင်တာ"

နဖူးပေါ်အနမ်းဖွဖွလေးပေးရင်း'ကိုယ်အလုပ်လေးနည်းနည်းလက်စသက်ပြီးရင် လာခဲ့မယ် အိပ်ရင် အိပ်နှင့်တော့'

"ကိုကို ဒီ‌နေရာ ဒီနေရာ"

နှုတ်ခမ်းကိုထော်ထားကာ နမ်းစေချင်ကြောင်းပြောလာတဲ့ ဂီဂါ။

"နှုတ်ခမ်းဆိုရင် အနမ်းနဲ့တင် အားရမှာမဟုတ်ဘူး ကိုယ်ရဲ့ အိပ်ပျော်နေတဲ့ အကောင်ပေါက်က နိုးလာလိမ့်မယ်"

"No No မဖြစ်ဘူး ဒီနေ့တော့မဖြစ်ဘူး"

"တောင်းဆိုတုန်းက တောင်းဆိုပြီး"

"Kissing ဘဲလေ ကိုကို ကမှ မတင်းတိမ်နိုင်တာ"

"ကိုယ်လည်း ယောင်္ကျားသားဘဲ ဒီလောက်တော့ ဖြစ်မှာပေါ့"

"ဟုတ်ပါပြီ သွား သွား လုပ်စရာရှိတာလုပ်တော့"

အခိုက်အတန့် ‌သေးသေးလေးက အရမ်းကိုကြည်နူးဖို့ကောင်းလိုက်တာ။

............

'စောနကအကောင်းပါ အခုမှ ဘာစိတ်ကူးထပေါက်တာလဲ'

ဘေးနားမှာ လှုပ်ရွနေတာကြောင့် ပန်ပန်တစ်ယောက်အိပ်ပျော်နေရာကနေ နိုးလာခဲ့သည်။

ဂီဂါတစ်ယောက်အိပ်လို့မရတာကြောင့် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် ထထိုင်လိုက်နဲ့ အလုပ်ကိုရှုပ်နေသည်။

Lost In Love With Pain〽️Where stories live. Discover now