Part 43

2.2K 82 15
                                    

ကိုကိုက အလုပ်မသွားခင် ကျွန်တော့ကို  ရေချိုးပေးတယ်။

အလုပ်ကို လိုက်ချင်တာကို ပေးမလိုက်ဘူး အိမ်မှာဘဲနေခဲ့ဖို့ကို တစ်ဖွဖွမှာနေတယ်။ ကျွန်တော်ကတော့ နားသာထောင်လိုက်တယ် ဘာမှမတုံ့ပြန်ခဲ့။

မနက်စာစားပြီးတာကြောင့် ကိုကိုက အလုပ်သွားဖို့ ပြင်နေပြီ။

"ကိုကိုသွားပြီနော် အိမ်မှာကောင်းကောင်းနေ ကလေးလေး"

"စိတ်မှမချတာကို လိုက်ခဲ့မယ်လေ ကျွန်တော်လည်း"

"ကိုကိုက ကလေးမှမဟုတ်တာ ဘာလို့ နောက်က တစ်ကောက်ကောက်လိုက်ချင်နေရတာလဲ"

"ကလေးမဟုတ်လို့ လိုက်ချင်တာပေါ့ ကိုကို့ကိုကျွန်တော်စိတ်ချတယ် တစ်ခြားသူတွေကို စိတ်မချတာ"

"ကိုယ်ပြောတာ နားထောင်ပြီး အိမ်မှာ အေးဆေးနေခဲ့ မဟုတ်ရင် ကြိုးတုတ်ပြီးထားခဲ့မှာ"

"ကြိုးတုတ်လည်း မရရအောင်ဖြည်ပြီး လိုက်ခဲ့မှာ မရဘူးလို့လိုက်မှာဘဲလို့"

"အလုပ်ကို အေးဆေးလုပ်ချင်တယ် မင်းနဲ့ သဝန်တိုမှုတွေနှောင့်ယှက်မှုတွေကို ငါ လိုက်မဖြေရှင်းပေးနိုင်ဘူး မင်းပြဿနာတွေကိုလည်း ငါရှင်းပေးရအုန်းမယ် လုပ်ငန်းကိုလည်း တိုးချဲ့ရအုန်းမယ် မင်းအလုပ်ကို သေချာလုပ်ခဲ့ရင် ငါတို့ အခုအချိန်အေးဆေးနေလို့ရတယ် လုပ်ငန်းက လည်သာလည်ပတ်နေတာ အကြွေးက တစ်ရိပ်ရိပ်တက်နေတာ မင်းမသိတာလည်း မဟုတ် တစ်ခုခုလွှဲချော်သွားရင် ငါတို့နှစ်ယောက်လုံး ချက်ချင်း ဆင်းရဲသွားမှာ ဆင်းရဲတဲ့ဘဝကိုငါကကြံ့ကြံ့ခိုင်နိုင်ပေမဲ့ မင်းကတော့ မရဘူး"

"ကိုကို ကျွန်တော်ဆိုးခဲ့တာတွေအတွက်တောင်းပန်ပါတယ်"

"မတောင်းပန်ဘဲ ငါပြောတာ မှန်သမျှကို တစ်သွေမတိမ်းလိုက်နာ ကျောင်းတက်ဖို့လည်း စုံစမ်းထားပေးတယ်"

"ကျောင်းကကောပြန်တက်ရမှာလား"

"ဟုတ်တယ်လေ မင်း ပညာရေးက ဆုံးခန်းတိုင်ခဲ့လို့လား"

"မတိုင်တော့ မတိုင်ခဲ့ပေမဲ့ ကျွန်တော်မှစိတ်မဝင်စားတာ"

"ဒါဘဲ ငါနောက်ကျနေပြီ အိမ်မှာကောင်းကောင်းနေခဲ့ဖို့ဘဲ ထပ်မှာချင်တယ် kiss..."

Lost In Love With Pain〽️Where stories live. Discover now