Part 32

3K 109 9
                                    

နေအလင်းရောင်ကြောင့် အိပ်ယာနိုးလာတဲ့ အိမ့်ဂီဂါမင်း။

ဖြေးဖြေးချင်းအားယူကာ မနည်းထနေရတယ်။

ချစ်ရတဲ့သူကိုကြည့်လိုက်တော့လည်း ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်။

ပန်ပန်အိပ်နေတဲ့ဘက်ကိုမျက်နှာမူလိုက်ပြီး လက်ညိုးတစ်ထိုးထိုးနဲ့ပွစိပွစိပြောနေတဲ့ ဂီဂါ။

"အကျင့်ကိုမကောင်းတဲ့ လူဆိုးကြီး သက်ညှာမပေးတဲ့ အထန်ကောင် ဒီမှာနာလို့သေတော့မယ် သိရဲ့လား"

"ကိုယ်အကုန်ကြားတယ်နော်"

ပန်ပန့်အသံကိုကြားတာနဲ့ခြေဖျားလက်ဖျားတွေပါအေးပြီး တစ်ကိုယ်လုံးတုန်သွားတယ်။

ချက်ချင်းအိပ်ချင်ယောင်ဆောင်ပြီး ယောင်တဲ့ပုံစံအနေနဲ့ ဟန်ဆောင်ပြလိုက်သည်။

"နိုးနေတာသိတယ် ထတော့"

"ဟီးဟီး"

အရိုက်ခံထိမှာ‌တော့ကြောက်သား သွားတွေပေါ်အောင်ထိဖြဲပြနေတယ်။

"ပြုံးနေပုံထောက်ရင် သက်သာနေပြီနဲ့တူတယ်"

"ဘယ်ကသာသက်သာရမှာ ဒီမှာနာလို့သေတော့မယ်"

နာရမှာသိရင်လည်း အစထဲက မလုပ်နဲ့ပေါ့။ စကားနားမထောင်ဘဲ စိတ်ကြိုက်လုပ်ထားရင်တော့ အပြစ်ကပေးခံထိမှာဘဲ။

အပြစ်ပေးခံရမှန်းသိသိချည်းနဲ့ကို ဆိုးတော့ စိတ်ကတိုလာတယ်။ အခုထိကိုမကျေနပ်နိုင်ဘူး။

ဗိုက်ခေါက်ကိုအားပါးပါးနဲ့လိမ်ဆွဲလိုက်တော့ အော်သံကျယ်ကြီးကထွက်လာတယ်။

"အား နာတယ် ဘာလို့ ဆွဲတာလဲ နာတယ်လို့ လွှတ်ပေးပါ"

"အား နာတယ် နာတယ်လို့ ‌တောင်းပန်ပါတယ် လွှတ်‌ပေးပါတော့"

ဒေါသကထွက်လာတာကြောင့် ဗိုက်ခေါက်ကို နှစ်ခါ လိမ်ဆွဲလိုက်တယ်။

"အသားနာတတ်ရင် ပြောစကားနားထောင်လေ"

"နားထောင်တာဘဲ ကျွန်တော်မှကိုကို့ကိုစိတ်မချတာ"

"ဒီဆင်ခြေဘဲ အသစ်လေးဘာလေး မပြောတတ်တော့ဘူးလား"

"ကိုကို မရွဲ့‌နဲ့နော် တစ်ဂယ်ပြောနေတာ ကျွန်တော်အခုအချိန်ထိကိုကို့ကိုစိတ်မချဘူး"

Lost In Love With Pain〽️Where stories live. Discover now