Part 26

2.9K 137 13
                                    

🌚🔞

မျှော်လင့်ထားတဲ့အတိုင်းလေးဘဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ထင်ထားတာထက်ကို ပိုပြီးကောင်းလာပြီ။

ဒါပေမဲ့ ရယ်ရတာ တစ်ခုတော့ရှိသေးတယ် အလုပ်ကိုစိတ်ဖြောင့်ဖြောင့်မလုပ်နိုင်ဘဲ အနောက်ကနေ ရုပ်ဖျက်ပြီး သူခိုးလိုလိုပါလိုလိုနဲ့အမြဲလိုက်နေတဲ့အရူးလေးရှိသေးတယ်။

"အဲ့တာပြောတာပေါ့ သင်တန်းတက်ပြီဆိုတာနဲ့ ပါတီတွေ အပျော်အပါးတွေကပါလာပြီ မရဘူး ကိုကို သွားလို့မရဘူး"

သင်တန်းတက်ခဲ့တာ 6 လအတွင်း လုပ်သမျှပွဲတွေလည်းမသွားခဲ့ရဘူး trip တွေထွက်တုန်းကလည်း လိုက်မသွားရဘူး ဒီနေ့‌နောက်ဆုံးနှုတ်ဆက်ပွဲအနေနဲ့ ပါတီဖြစ်တာကြောင့်မဖြစ်ဖြစ်အောင်တော့ ရအောင်သွားမယ်လို့ဆုံးဖြတ်ထားတယ်။

"တစ်နာရီဘဲ ပြီးတာနဲ့ပြန်လာခဲ့မယ်"

"ကိုကို မရဘူး မသွားရဘူး ပြန်လာခဲ့"

တံခါးဖွင့်ပြီး ထွက်သွားဖို့လုပ်နေတဲ့ပန်ပန့်ကိုမသွားဖြစ်အောင်လို့

"ကိုကို မသွားဘူးဆိုရင် ကားမောင်းသင်တန်းတက်ခိုင်းမယ်"

"သေချာလို့လား"

"အတည်ပေါ့ ဘာလဲ ကျွန်တော့ပုံစံက နောက်နေတဲ့ပုံစံပေါက်နေလို့လား"

"ပြောပြီးသားစကားကိုပြန်ပြင်လို့ကတော့ အကြောင်းသိမယ်မှတ်"

ကားမောင်းကပေးသင်ချင်တာမဟုတ်ဘူး မောင်းတတ်လို့ကတော့ ကိုကိုတစ်ယောက် အိမ်တောင်ကပ်မှာမဟုတ်တော့ဘူး။

"ရတယ် အပြင်မထွက်ရဘူးဆိုလည်း အကျိုးရှိအောင်တော့ တစ်ခုခု အသုံးချရမယ်"

"အကျိုးရှိတာ လုပ်ချင်တယ်ဆိုရင်လည်း ကျွန်တော့ကို မုန့်လုပ်ကျွေး မြန်မာမုန့်တွေအရမ်းစားချင်နေတယ်"

ဆိုဖာပေါ်မှာထိုင်နေတဲ့ဂီဂါ့ကို ပွေ့ချီလိုက်ပြီးတော့ အိမ်ပေါ်ထပ်ကိုခေါ်ဆောင်သွားလိုက်သည်။

"ကိုကို ဘာလဲဟာ ကျွန်တော်ဗိုက်ဆာနေပါတယ်ဆို"

"တော်ပြီ ဆင်းတော့မယ်"

Lost In Love With Pain〽️Where stories live. Discover now