Part 30

2.9K 121 19
                                    

"ကိုကို"

"ကိုသော်"

ပန်ပန်ကိုတွေ့တာနဲ့နှစ်ယောက်လုံးတစ်ပြိုင်နက်ခေါ်မိသွားသည်။

"ကားပေါ်မှာစောင့်နေ လိုက်လာမယ်"

နှစ်ယောက်လုံးမသွား‌သေးဘဲပြူးကြောင်ကြောင်နဲ့ကြည့်နေတာကြောင့်

"သွား‌တော့ ဘာကြောင်ကြည့်နေတာလဲ ဘာလဲ ဒီမှာ အရှက်ကွဲချင်နေတာလား နှစ်ကောင်လုံး"

"ဟု...ဟုတ် သွားပြီ"

ဟောက်လိုက်မှဘဲ အယောင်ယောင်အမှားမှားနဲ့ နှစ်ယောက်သားကုတ်ကုတ်နဲ့ အပြင်ကိုထွက်သွားတယ်။
.......
ကားပေါ်ကိုမရောက်သေးဘူး လမ်းမှာ နှစ်ယောက်သား အချေအတင်ဖြစ်နေကြသေးတယ်။

"အဲ့တာမင်းကြောင့် ကောင်းကျိုးကိုမပေးတဲ့ကောင် သူတောင်းစားလေး"

"သူ့ဟာသူ အပြင်ခိုးထွက်လာပြီး ကျွန်တော့်ကိုလာအပြစ်တင်နေတယ်"

"ကျွန်တော်က အေးဆေးနော် ကိုကို့ကို နည်းနည်းလောက် ချွဲလိုက်တာနဲ့ရပြီ ကိုဂီဂါသာ အသေရိုက်ခံထိမှာ"

"တိတ်စမ်း နှစ်ကောင်လုံး"

"ကားပေါ်တက်ပါဆို စကားကများနေသေးတယ် တွေ့မယ် နှစ်ကောင်လုံး အိမ်ရောက်ရင်တော့သေဖို့သာပြင်"

ဂီဂါက ကားမောင်းတဲ့နေရာမှာထိုင်ပြီး စိုင်းမင်းခန့်ကသူ့ဘေးမှာပေါ့။

နောက်မှာရှိတဲ့ခုံအလွတ်မှာတော့ ပန်သော်တာဦးတစ်ယောက်ထဲထိုင်ခဲ့သည်။

အရိုက်ခံရမှာတော့ ကောင်းကောင်းကြီးသိတယ် ဒါပေမဲ့ စိုင်းမင်းခန့်ရှေ့မှာ အရိုက်မခံချင်ဘူး။

အသနားခံဖို့ ဘယ်နည်းလမ်းသုံးရမလဲဆိုတာ ဂီဂါတစ်ယောက် ကားမောင်းရင်းတွေးနေခဲ့သည်။

စိုင်းမင်းခန့်ကလည်းထိုနည်းတူဘဲ သူရိန်မြန်မြန်လာခေါ်ဖို့ကိုသာတွေးနေခဲ့သည်။

အိမ်ထဲဝင်လာတာနဲ့တင်ကြက်သီးတွေတစ်ဖြန်းဖြန်းထစေသည်။

ဂီဂါက အထာသိတာကြောင့် ဆိုဖာပေါ်မှာမထိုင်ဘဲ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။

Lost In Love With Pain〽️Where stories live. Discover now