Part 25

3.2K 147 32
                                    

ဆေးရုံ တက်နေတဲ့သုံးရက်အတောအတွင်းမှာတော်တော်လေးကိုသက်သာလာပြီး နလန်ပြန်ထူလာနိုင်ခဲ့တယ်။

ဒါတွေကလည်း ကိုကို့ကြောင့်ပါ သေသေချာချာပြုစုပေးခဲ့လို့ ဒီလိုအမြန်ဆုံးသက်သာလာနိုင်တာ။

ကိုကို့ဘက်ကအခုချိန်ထိ ကျွန်တော့်ကိုအားနာနေသေးတယ်။

"ရပြီ ဂီဂါ သွားရအောင်"

"ဒီနေ့ကော ကျွန်တော့်ကို မချီသွားတော့ဘူးလား"

စိတ်အရမ်းပူတတ်တဲ့သူဆိုတော့ မြန်မြန်ဘဲ ခြေထောက်လေးကိုလာကိုင်တယ်။

"ဘာလို့လဲခြေထောက်တွေနာနေသေးလို့လား ဘယ်နားလဲ ကိုကိုကြည့်ပေးမယ်"

"မဟုတ်ပါဘူး ကျွန်တော်သက်သာနေပြီ ဒီတိုင်း ကိုကို ကုန်းပိုးသွားတာ ခံချင်လို့"

"အလည်လေး ဟုတ်ပါပြီ ကုန်းပိုးဆိုတော့လည်း ကုန်းပိုးကြတာပေါ့"

ပြောင်းလဲသွားတဲ့သူ့ရဲ့ပုံစံလေးကအရမ်းချစ်ဖို့ကောင်းတယ်။အရင်ကဆိုခပ်တည်တည်ဘဲနေတတ်တဲ့သူက အခုဆိုရင် အချွဲလေးကိုဖြစ်နေပြီ။ပြောင်းလဲသွားတဲ့ သူရဲ့အမူအကျင့်တွေက ကျွန်တော် သူ့ကိုချစ်တဲ့အချစ်တွေ ပိုမိုတိုးပြန်စေတယ်။

"ကိုကို ဘာတွေတွေးနေတာလဲ လာသွားမယ်လေ အိမ်မြန်မြန်ပြန်ချင်ပြီ"

"ဟုတ်ပါပြီဗျာ"

အထုပ်တွေက ကားပေါ်တင်ပြီးသွားပြီဆိုတော့ လူကိုခေါ်ဖို့ဘဲလိုတော့တယ်။

ကျောကိုမျက်နှာနဲ့တိုးနေတာကြောင့်

"ဘာလို့အတင်းတိုးနေတာလဲ"

"ဟင် မသိဘူး အခုလိုကြတော့လည်းရှက်စရာကြီး‌လူတွေကကြည့်နေကြတယ်"

"အားကျလို့ကြည့်တဲ့အကြည့်တွေ အဲ့တာကြောင့်ဂုဏ်ယူလိုက်"

"ဟီး ဒီလိုဆိုတော့လည်း မဆိုးပါဘူး ဂုဏ်ယူရမှာပေါ့"

"ကျွန်တော်တော့ အိမ်ပြန်ရောက်ရင် ဘာမှလုပ်ချင်ကိုင်ချင်တော့မှာ မဟုတ်ဘူး ဘာလို့လဲသိလား"

"သိပါ့ အိမ်ရောက်ရင် အိမ့်လေးက ဘာမှမလုပ်နဲ့ကိုကိုဘဲ အကုန်လိုက်လုပ်ပေးမယ် ဒါပေမဲ့ ကိုကိုသင်တန်းသွားတက်တဲ့နေ့ဆို အိမ်အလုပ်တွေကူလုပ်ပေးရမယ်နော်"

Lost In Love With Pain〽️Where stories live. Discover now