Part 10

4K 133 4
                                    

"ကိုကို"

"ပြန်ရောက်ပြီလားဂီဂါ မျက်နှာကြည့်ပုံထောက်ရင် အဆင်မပြေခဲ့ပြန်ဘူးလား ဘာတွေဖြစ်နေလဲဆိုတာ ပြောပြပါအုန်း"

"ကျွန်တော်အဆင်ပြေခဲ့ပါတယ် အခုက လက်နာလို့မျက်နှာမကောင်းတာ ဒီမှာကြည့်အုန်း သွေးတွေထွက်နေပြန်ပြီ"

အတတ်နိုင်ဆုံးပြုံးပြလိုက်ပြီးတော့ ဟန်ဆောင်လိုက်ပါတယ် ကျွန်တော့ရဲ့ညိုးငယ်နေတဲ့ပုံကို ကိုကိုမြင်ရင် စိတ်ဆင်းရဲနေရအုန်းမယ်။

"ပြောသားဘဲ မသွားပါနဲ့ဆို လက်က လှုပ်လှုပ်ရှားရှားလုပ်လိုက်တော့ သွေးတွေထွက်ပြီး နာကုန်ပြီပေါ့ လာ ပတ်တီးသေချာပြန်စီးပေးပြီး ဆေးထည့်ပေးမယ်"

ဆေးထည့်ပေးနေရင်းဘဲ ဂီဂါဘက်ကစကားစလိုက်တာကြောင့်။

"ကိုကို ကျွန်တော်တို့ ဒီနေရာကနေပြောင်းကြမလား"

"ဘာလို့လဲ အကြောင်းပြချက်ပေးလေ"

"ဒီမှာနေလာတာ ကြာပြီလေ ကြာတော့ငြီးငွေ့လာပြီပေါ့ အသစ်အဆန်းလေးဖြစ်အောင်အိမ်ပြောင်းကြတာပေါ့"

"ကိုကိုတော့ မပြောင်းချင်ဘူး ဒီအိမ်လေးထဲမှာ ကိုကိုနဲ့ဂီဂါရဲ့အမှတ်တရတွေမှ အများကြီးဘဲ မပြောင်းပါနဲ့ ဒီအိမ်လေးထဲမှာဘဲ အကြာကြီးနေရအောင်လေ"

"ကိုကိုကအဲ့လိုဆိုတော့လည်း မပြောင်းတော့ပါဘူး"

"ကိုကို့ကိုအပြစ်ပေးတာ ပြီးသွားပြီလား စိတ်မဆိုးတော့ဘူးလား"

"ဟုတ်သားဘဲမေ့နေတာ အဲ့နေ့က ပုံစံကိုလုံးဝမကြိုက်ဘူးနော် ဘာလို့ ကိုယ်နဲ့မသိတဲ့သူနဲ့စကားသွားပြောတာလဲ"

"သူကတော်တာကို ကိုကိုဖြင့်အဲ့နေ့က အရုပ်ကောက်တာ ပိုက်ဆံသာကုန်သွားတယ် တစ်ရုပ်မှ မရလိုက်ဘူး ဒါနဲ့နေပါအုန်း ဂီဂါကဘာလို့ အကုန်သိနေရတာလဲ"

"ကျွန်တော်လား ကိုကို့ကို စိတ်ချမှာနောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့တာပေါ့ ပြီးတော့ အဲ့နေ့က ကိုကို စကားပြောတဲ့သူကလည်းကျွန်တော်ဘဲ"

"အဲ့တာများ အစထဲက လိုက်လာပါလား ပြီးတော့ စကားပြောတဲ့သူက ဂီဂါဖြစ်နေရင်လည်း ကိုကို့ကိုပြောတာမဟုတ်ဘူး အလကားသက်သက် အရိုက်ခံ အဆူခံ အနှင်ချခံလိုက်ရတယ်"

Lost In Love With Pain〽️Where stories live. Discover now