Part 17

3.8K 186 37
                                    

"ကိုကိုဘာတွေပြောနေတာလဲ ကျွန်တော်ကဘာလို့ခြံခုန်ရမှာလဲ"

"မှားမှန်းသိတာတောင် ဝန်မခံဘဲ ထပ်လိမ်ရဲတယ် မင်းဘယ်လိုလူလဲ"

"ကိုကိုစွပ်စွဲတာကိုရော ကျွန်တော်ကငြိမ်ခံနေရမှာလား ကျွန်တော်ဖောက်ပြန်တယ်လို့ပြောရအောင် ကိုကို့မှာ ဘာသက်သေရှိလို့လဲ"

"ဘာသက်သေမှမလိုဘူး အဓိကက လိပ်ပြာလုံဖို့ဘဲ"

"ကျွန်တော် ဘယ်မှာရှိနေတယ်ဆိုတာ ကိုကိုလည်းသိနေတာဘဲ ဘာလို့စွပ်စွဲနေတာလဲ"

"မင်းအကောင်ကိုငါအခုဖုန်းဆက်ပြမယ် မင်းဘာပြောနိုင်လဲကြည့်တာပေါ့ ပေး အခု မင်းရဲ့ဖုန်း"

ဖုန်းဆက်မှ မငြင်းနိုင်မှန်းသိတာကြောင့် စားပွဲပေါ်မှာ ရှိတဲ့ဖုန်းကိုမြန်မြန်ဘဲကောက်ယူလိုက်တယ်။

"ကိုကိုမလုပ်နဲ့ ကျွန်တော်ရှင်းပြမယ် ကျွန်တော်ပြောတာနားထောင်ပြီးမှ ကိုကိုကြိုက်တာလုပ် ခဏလေးပါဘဲ တစ်ဂယ်ခဏလေးပါ"

ပန်ပန်လက်ထဲက‌နေဖုန်းကိုချက်ချင်းလုယူကာ နံ‌ရံပေါ်ကိုပစ်ပေါက်လိုက်လေတယ်။

စကားအခြေအတင်ပြောနေတာကိုရပ်တန့်လိုက်ပြီး ဆိုဖာပေါ်မှာ တစ်ယောက်တစ်နေရာယူကာ။

"ဘယ်လိမ်ညာမှုကိုမှ ငါလက်မခံနိုင်ဘူး အမှန်တိုင်းပြော"

"ကျွန်တော်အမှန်တိုင်းပြောပြပါ့မယ်"

သူ့ဘက်ကမလွန်တဲ့ တစ်ချို့ကိစ္စတွေကိုသာအမှန်တိုင်းပြောပြပြီးကျန်တဲ့ကိစ္စနဲ့တစ်ညတာကုန်ဆုံးခဲ့တဲ့ ကိစ္စကိုတော့သူထိမ်ချန်ခဲ့မိတယ်။

"ဘာလို့အစထဲကမပြောပြတာလဲ"

"ကိုကိုသိတော့ရော ဘာထူးမှာမို့လို့လဲ"

ဘာမှတုံ့ပြန်မနေတော့ဘဲ အိမ်ပေါ်တက်ကိုသာပြေးတက်လိုက်တယ်။

ဂီဂါကတော့ နောက်ကနေ‌လိုက်လာခဲ့တာပေါ့။

"ကိုကို ကျွန်တော့်ကိုတစ်ခုခုပြောအုန်းလေ"

"ကျွန်တော်အမှန်တိုင်းပြောပြနေတာတောင်ကိုကိုဘက်ကမကျေနပ်နိုင်သေးဘူးလား တစ်ခုခုတော့ပြောပါအုန်း"

Lost In Love With Pain〽️Where stories live. Discover now