Part 42

1.6K 80 21
                                    

လန့်နိုးလာတော့ မနက် 4 နာရီဘဲရှိသေးတယ်။

အနားမှာ ကိုကို မရှိတာကြောင့် ဟိုကောင်လေးကိုများ သွားပြီးဂရုစိုက် နေမလားဆိုပြီးစိုးရိမ်မိတယ်။

ခြေလှမ်းတွေက မြန်မြန်ဘဲ ဟိုကောင်လေး အခန်းကို ဦးတည်လိုက်တယ်။

စိုးရိမ်စိတ်နဲ့ဘဲ တံခါးကိုဖွင့်လိုက်တော့

"ဟူး....တော်ပါသေးရဲ့ ကိုကိုက ဘယ်ရောက်နေလဲမသိ ဒါဆို"

ကောင်လေးကိုကြည့်လိုက်တော့လည်း သနားပါတယ် ကျောက အရမ်းနာနေလို့နဲ့တူတယ် ညကဆေးလိမ်းပေးပြီးတော့ ကုတင်မှာထားထားတဲ့အတိုင်း မှောက်လျက်လေးအိပ်နေတာ။

ကိုကိုကတော့လေ ဘာတွေ ကြံနေလဲကိုမသိဘူး။

....

ဘယ်များရောက်နေမလဲဆိုပြီး တစ်အိမ်လုံးလိုက်ရှာမိတယ်။

စာကြည့်ခန်းထဲသွားတော့မှဘဲ တည့်တည့်ကို တိုးတော့တယ်။

"ကိုယ်ပျောက်သွားလို့ လိုက်ရှာနေတာလား"

"ဟုတ်တယ် ပျောက်သွားလို့လိုက်ရှာနေတာ ဟိုကောင်လေးကို သွားဂရုစိုက်နေရင် အခုချက်ချင်းဓားကိုင်ပြီး သွားသတ်ပစ်မှာ"

"လုပ်ရဲတာလည်း မဟုတ်‌ လေကကျယ်နေတယ်"

"ဘာလို့ မလုပ်ရဲရမှာလဲ လုပ်ရဲတာပေါ့ ကိုကိုသာ အဲ့ကောင်လေးကို ဂရုစိုက်ကြ ည့် သူ့ကိုသတ်ပစ်မှာ ပြီးရင် ကိုကို့ကိုရောဘဲသတ်ပစ်....."

"ဒါဆိုအဖော်ရတာပေါ့ တစ်ယောက်ထဲ သေရတော့ ဟိုကောင်လေးပျင်းနေမှာပေါ့"

"ကိုကို....."

"ဘာလဲ ပြောလေ"

စိတ်ကတိုလာပြီ အတည်ပြောပြနေတာကိုစသလို ခနဲ့သလိုလို မျက်ခွက်ကလာပြောင်နေတယ်။

"တော်ပြီ ကိုကိုနဲ့မပြောတော့ဘူး"

"ရော့ ဖတ်ကြည့်"

"ဘာလို့ ဖတ်ရမှာလဲ အားအားယားယား"

"ဖတ်စမ်းပါ မြန်မြန်"

"မဖတ်နိုင်ဘူး ဘယ်လိုမှ"

"ဒီစာထဲမှာ မင်းနဲ့ လွန်းပိုင်အတွက် စည်းကမ်းလေးတွေသတ်မှတ်ထားတယ်"

Lost In Love With Pain〽️Where stories live. Discover now