အခန်း ၂၇။

4.5K 573 15
                                    

Original title:Growing Fond of You, Mr Nian
Author:Leaf Snow
MM Translator : Kite

_______________

အခန်း ၂၇။ ဒဏ်ရာရသွားတယ်လို့ ဘာလို့ မပြောခဲ့တာလဲ

လော့စန်း ကြောင်အန်းအန်းနှင့်ပဲ ပြန်မေးလိုက်မိသည်။

"ရှင် ဖြစ်စေချင်တာ ဒီလိုပဲ မဟုတ်လား။ ဒီခုံက ဈေးအရမ်းကြီးတော့ ကျွန်မကြောင့် မပျက်စီးရအောင် ဒီကုတ်အင်္ကျီပေးတယ် ထင်လိုက်တာ..."

နျန်ကျွင်းထင်မှာတော့ ဆွံ့အစွာနှင့် သက်ပြင်းချလျက်၊ လော့စန်း ခုထိုင်ထားသော သိုးမွှေးအင်္ကျီကို ကြည့်နေမိလိုက်သည်။ ထိုကုတ်က လော့စန်း ဝတ်ရအောင် သက်သက် ပေးခဲ့ခြင်းသာ။

လော့စန်းဘဝမှာ ဘယ်ယောက်ျားသားကမှ ကုတ်အင်္ကျီမပေးဖူးလို့ပဲ ဖြစ်မည်ဟု သူ တွေးမိတော့ လော့စန်းကို ပြန်ရှင်းမပြဖို့ ဆုံးဖြတ်ဖြစ်လိုက်သည်။

သို့သော်လည်း သူ ယခုမှ သတိထားမိတာက စင်စစ် လော့စန်းမှာ ပစ္စည်းရှိလူတန်းစားဖြစ်သည်ဟု။ ပုံမှန်အားဖြင့် လော့စန်းက အင်္ကျီပွပွချောင်ချောင်ကြီးများသာ ဝတ်လေ့ရှိသဖြင့် သူ လော့စန်း၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို သတိမထားမိခဲ့ပေ။

သို့ရာ၌ နျန်ကျွင်းထင်မှာ လော့စန်း၏ ကောက်ကြောင်းများအကြောင်း ကြာကြာတွေးချိန်မရလိုက်။ ကားတံခါးများပိတ်လိုက်သည်နှင့် ဆီးနံ့က ထောင်းကနဲ ထလို့။ နျန်ကျွင်းထင် မျက်မှောင်တွေ ကျုတ်မိလေပြီ။ ကားပြတင်းမှန်များ ဖွင့်ထားရန် ယာဉ်မောင်းကို အမြန်လှမ်းပြောလိုက်တော့သည်။

"ကျွန်မ... ကားပေါ်က ဆင်းပေးရမလားဟင်..."

ကားထဲမှာ ထိုင်နေရသည်ကိုပင် လော့စန်းအတွက် မသက်မသာဖြစ်ရစေသည်။ အထူးသဖြင့် သူ ဖင်ခုထိုင်ထားသည့် ကုတ်အင်္ကျီမှာ ဒေါ်လာ သောင်းချီတန်သည်ဟု သိပြီးနောက် ပို၍ပင် အနေခက်နေမိသည်။ 'သူ ဒီအင်္ကျီဖိုး ငါ့ကို ပြန်တော့ မလျော်ခိုင်းလောက်ပါဘူးနော်...' လော့စန်း အတွေးများနေမိလေသည်။

"တော်စမ်း..." နျန်ကျွင်းထင် သူ့ကို အေးတိအေးစက် ပြန်ပြောရင်း ယာဉ်မောင်းကို လှမ်းပြောလိုက်သည်။

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now