အခန်း ၃၈။

4.3K 506 14
                                    

Original title : Growing Fond of You, Mr Nian
Author : Leaf Snow
MM Translator - Jas_astra

အခန်း ၃၈ ။ သူမ သူ့ကိုကြိုက်မှန်း ရုတ်တရက်ဆိုမိ

"မင်းနောက်နေတာလား"
နျန်ကျွင်းထင်က နှာရှုံ့သည်။

"လူနာစောင့်ဖြစ်ရတာ ဘာကောင်းလို့လဲ လူနာရဲ့ ဆီးဝမ်းသွားတာကိုလည်းကူပေးရမယ် ခက်ခဲပြီး ညစ်ပတ်တဲ့ အလုပ်မျိုးစုံပေါ့.. မင်းငါ့ကို စောင့်ရှောက်ရတာကံကောင်းတယ်။ ဆိုလိုတာက မင်းသာအဖိုးကြီးတစ်ယောက်ကိုစောင့်ရှောက်ရရင် သူ့ရွတ်တွနေတဲ့ ကိုယ်ကိုနေ့တိုင်း သန့်ရှင်းပေးရမှာ သူ့ကိုကြည့်ရုံနဲ့တင် မင်းနေမကောင်းဖြစ်မှာပဲ ငါ့စံအိမ်တော်မှာ အလုပ်လုပ်တာက သိပ်ပြီး မကောင်းလောက်ဘူးထင်ရပေမဲ့ အလုပ်ကလွယ်တာပဲ...မင်း လစာကောင်းကောင်းလည်းရမယ်။ အာမခံနဲ့ အိမ်စရိတ်ရောပဲ ရုံးဝန်ထမ်းတွေ ရနိုင်တာထက် မနိမ့်စေရဘူး။ အပြင်ကလူတွေ ငါ့စံအိမ်မှာ ဘယ်လောက်တောင်အလုပ်လိုချင်နေကြလဲသိလား ကျေးဇူးမကန်းနဲ့..."

သူက ပြောရင်း အသံကပိုပြီးလေးနက်လာကာ မျက်ဝန်းများက မပျော်မရွှင်ဖြစ်နေသည်။

လော့စန်း ဘယ်လိုရှင်းပြရမည်မှန်းမသိပေ။ သူ ပိုက်ဆံဘယ်လောက်ပေးပေး စံအိမ်မှာ အလုပ်လုပ်ဖို့ ဂရုမစိုက်ဘူးဆိုတာ တိုက်ရိုက်ပြောလိုက်လျှင် သူမကို အပိုင်းပိုင်းဆုတ်ဖြဲချင်လိမ့်မည်ဟု ခန့်မှန်းမိသည်။

တချို့စကားလုံးများက နူးညံ့စွာ ကိုင်တွယ်သင့်သည်ကို နားလည်သော်ငြား သူစိတ်မပျက်အောင် ဘယ်လိုငြင်းရမလဲမသိပေ။

သူမ အပြင်းအထန်ကြိုးစားတွေးပြီးနောက်တော့ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"မစ္စတာနျန် ကျွန်မရှင်ကမ်းလှမ်းတာကို ငြင်းပါတယ်...ဘာ ဘာလို့လဲဆိုတော့...အာ...ကျွန်မသာရှင်နဲ့ အချိန်အတူတူပိုဖြုန်းဖြစ်ရင် ရှင့်ရဲ့ချောမောလှတဲ့အစိတ်အပိုင်းတွေကို ပိုပြီးရှာတွေ့မှာ၊ အဲကျရင် ကျွန်မရှင့်ကိုပိုသဘောကျပြီး ကျွန်မ အတွေးထဲ ရှင်ပဲ ပြည့်သွားမယ်ထင်တယ်..."

စကားပြောပြီးနောက် သူမ အတော်လေး မသက်မသာဖြစ်သွားသည်။

နျန်ကျွင်းထင်မှာ အတော်လေးကြောင်နေကာ သူ့နားများ နီရဲသွားတော့သည်။

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now