အခန်း ၁၀၈။

2.9K 452 23
                                    

Original Title - Growing Fond of You, Mr. Nian
Author - Leaf Snow
MM Translator - No Cause

အခန်း ၁၀၈။ မစ္စတာနျန်၊ ကျွန်မတို့ကြားမှာ Generation ကွာဟမှုရှိနေတယ်နော်...
____________________

"ဟုတ်ပါပြီ လော့စန်း မပြောနဲ့တော့လေ၊ နင် ဘာလုပ်ချင်တယ်ဆိုတာ ငါတို့အားလုံး အသိပဲကို... တကယ်တမ်းလဲ မစ္စတာနျန်က အရမ်းချောပြီး ချမ်းသာနေတာလေ၊ ငါဆိုလဲ သူ့ရင်ခွင်ထဲ လဲကျချင်ယောင်ဆောင်မိမှာပဲ"

ထန်နင်းက လော့စန်း အင်္ကျီလက်ကို လာဆွဲကာ နှစ်ကိုယ်ကြား လေသံလေးနှင့် ပြောလာလေသည်။

လော့စန်း သွေးအန်ချင်စိတ်ပါပေါက်သွားတော့သည်။ သူများက သူမကို ခလုတ်တိုက်စေသည့်အမှုအပေါ် လက်တုံ့မပြန်နိုင်ရုံသာမက မြူဆွယ်ကလူနေသော မိန်းကလေးအဖြစ်ပါ အထင်ခံလိုက်ရသေး။

ဆိုးလိုက်တာ။

သူမ ယန်စုဘက်ကို လှမ်းကြည့်တော့ ယန်စုက ခေါင်းညိတ်ပြသည်။

အနည်းဆုံး တစ်ယောက်လောက်တော့ သူမ၏ အခြေအနေမှန်ကို အသိအမှတ်ပြုသည့်အတွက် သူမ စိတ်သက်သာရာရမိသွားတော့သည်။

"ရုပ်ရှင်ပြီးသွားတာနဲ့ မင်းပြန်လိုက်တော့..."

နျန်ကျွင်းထင် ဆရာကြီးလေသံဖြင့် ရုတ်တရက်ပြောလာလေသည်။

"မင်း ငါ့ကို ကြိုက်နေတာဆိုတော့ တခြားယောကျ်ားတွေနဲ့ ခပ်ကင်းကင်းနေသင့်တယ်၊ တခြား ယောကျ်ားလေးတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြီးလဲ ပြောခွင့်မရှိဘူး..."

လော့စန်း ထပေါက်ကွဲချင်လာပြီ။

"မစ္စတာနျန် ကျွန်မတို့ ရှင်းရှင်းလင်းလင်း လုပ်ထားမှပဲ၊ ကျွန်မ ရှင့်ကို ကြိုက်မနေဘူးဆိုတာကို..." သူမ ပြန်ပြောလိုက်တော့သည်။

နျန်ကျွင်းထင်ကတော့ ပြုံးကာ၊

"မင်း ငါ့ကို မကြိုက်ဘူးလား၊ ဒါဆို ငါ့ကို ချစ်မိလို့ ကိုယ့်ကိုယ်ကို မထိန်းနိုင်မှာစိုးတယ်လို့ ဘယ်သူ ငါ့ကို ပြောခဲ့တာလဲ၊ ငါ့ကုမ္ပဏီမှာ ဘာသာပြန်အနေနဲ့ မလုပ်နိုင်ဘူး၊ ဘာလို့ဆို ငါ့ကို ချစ်ရလွန်းလို့ တစ်မြို့တည်းမှာတောင် မနေရဲဘူးဆိုပြီး မင်း မပြောခဲ့ဘူးလား... မင်း ဘယ်တုန်းက ဘယ်နေရာမှာ ဘာပြောခဲ့သလဲ ငါ အကုန် မှတ်မိတယ်..."

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now