အခန်း ၁၂၆။

2.9K 487 43
                                    

Original Title - Growing Fond of You, Mr. Nian
Author - Leaf Snow
MM Translator - No Cause

အခန်း ၁၂၆။ အဝတ်အစားတွေ ဝယ်ပေးတာ ကျေးဇူးပဲ မိန်းမ
____________________

ချီးကျူးစကားများ ကြားရသည်ကို နျန်ကျွင်းထင် ငြီးငွေ့လာခဲ့သည်။ စင်စစ် သူ့ငယ်စဉ်ဘဝကတည်းက အမွှန်းတင်စကားများ၊ မြှောက်ပင့်သည်များနှင့် ကြီးပြင်းလာခဲ့ခြင်းဖြစ်လေသည်။ သူ ဆိုင်တစ်ဆိုင်လုံးကို ခြုံကြည့်လိုက်တော့ ပစ္စည်းအမျိုးအစားကောင်းကောင်း ဖြန့်ချိပေးသည့်ပုံပေါ်နေသည်။ လျှောက်လမ်းလေးတစ်ခုမှာဆိုလျှင် အဝတ်အထည်များ ရွေးချယ်နေသော စုံတွဲတစ်တွဲကို တွေ့လိုက်ရသေး။ သူ လော့စန်းကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်တော့သည်။

"ငါ့ကို ရွေးပေးလေ"

လော့စန်းလည်း ပြုံးလိုက်ကာ ဆို၏။

"ကျွန်မတို့ ဂျာကင် အညိုရောင်ထဲက ကြည့်ချင်တယ်"

"ဟုတ်၊ ခဏလေးစောင့်နော်"

အရောင်းစာရေးက ပြန်ပြောလိုက်သည်။ သူမသည် အညိုရောင် အပေါ်ထပ်ဝတ်အင်္ကျီသုံးစုံ အဆင်စုံကို ချက်ချင်း ထုတ်ယူလာလေသည်။ လော့စန်းက တစ်ထည်ရွေးပေးသည်။

နျန်ကျွင်းထင်လည်း ထိုဂျာကင်ကို သွားလဲလိုက်ပြီး အဝတ်လဲခန်းထဲမှ ထွက်လာသည်။ သူ့အသွင်က ထင်ရှားထင်ပေါ်လျက် ကျက်သရေရှိနေသည်။

"ကြည့်ကောင်းလိုက်တာ၊ ရှင်က ရုပ်ရှင်မင်းသား ရှုံးလောက်အောင်ပဲ"

အရောင်းစာရေးသည်း သူမ၏ ချီးကျူးစကားများကို တွန့်တိုမနေဘဲ ဖောဖောသီသီ အသုံးချလေသည်။

နျန်ကျွင်းထင်ကတော့ သူမကို အဖက်မလုပ်ဘဲ လော့စန်းဆီကိုသာ တန်းတန်းမတ်မတ်သွားလိုက်ပြီး မေးတော့သည်။

"ဘယ်လိုနေလဲ"

"အရမ်းလန်းနေတယ်"

လော့စန်း သဘောတကျ ခေါင်းညိတ် ထောက်ခံလိုက်သည်။

နျန်ကျွင်းထင်ကတော့ သိပ်မကျေနပ်နိုင်သေး။

"အဲ့ဒါပဲလား၊ ထပ်ပြောစရာ မရှိတော့ဘူးလား"

သူ၏ အင်တင်တင် မျက်နှာထားကို ကြည့်ရင်း လော့စန်းတစ်ယောက် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိတော့သည်။ နောက်တော့ သူမ ထပ်ပြောလိုက်၏။

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now