အခန်း ၁၂၉။

3K 485 19
                                    

Original Title - Growing Fond of You, Mr. Nian
Author - Leaf Snow
MM Translator - No Cause

အခန်း ၁၂၉။ လော့စန်း ခေါင်းထဲ တုန်ခါသံတွေ မြည်နေ၊ သူ ဘာလို့ သူမကို ရုတ်တရက် နမ်းလိုက်တာလဲ
____________________

"အာ၊ ကျွန်မ သဘောပေါက်ပြီ" လော့စန်း ခေါင်းညိတ် ပြောလိုက်တော့သည်။

သူတို့ နှစ်ဦးစလုံး ရုတ်ချည်း နှုတ်ဆိတ်သွားဖြစ်ကြသည်။ လေးသံမိုးသံများသာ ကြားရလေသည်။

လော့စန်း အဝတ်အစားများ စိုရွှဲကုန်ပြီ။ သူမ ချမ်းလာသည်။ သူမ လက်နှစ်ဖက်နှင့် လက်မောင်းများကို အသာပွတ်နေလိုက်မိသည်။

နျန်ကျွင်းထင် သူမကို လှမ်းကြည့်လိုက်၏။ နောက်တော့ သူ ဝတ်ထားသော ဂျာကင်ကို ပြန်ကြည့်လိုက်သည်။ သူ့ဂျာကင်က ပို၍ပင် ရွှဲနစ်နေသေး။ သူမကို သူ့အပေါ်အင်္ကျီပေးဝတ်လိုက်ချင်မိသော်လည်း အထောက်အကူဖြစ်မည် မဟုတ်ပေ။ ဒီလိုဖြစ်လာမည်မှန်း သူ ကြိုသိပါက ခုနက ဝယ်လာသော အဝတ်အစားအားလုံး ဆိုင်ကို အိမ်တိုင်ရာရောက် ပို့ခိုင်းဖြစ်မည် မဟုတ်။ တစ်ထည်တစ်လေလောက် ယူလာခဲ့သင့်သည်။ ထို့မှသာ သူမကို ဝတ်စေ၍ ရလေမည်။

သူ စက္ကန့်ပိုင်းလောက် စဉ်းစားတွေဝေနေပြီးနောက်မှာတော့ ရုတ်တရက် သူမအား လက်မောင်းမှဆွဲ၍ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ သိမ်းကျုံးဖက်ထားလိုက်တော့သည်။

လော့စန်းအတွက်တော့ သူ့လုပ်ရပ်က လျှပ်တပြက်ဆန်လွန်းသည်။ အဖြစ်အပျက်ကို သူမ နားလည်သိရှိလိုက်ချိန်မှာ သူမ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမှာ၊ သူမ မျက်နှာက သူ့ရင်ဘတ်မှာ အပ်လျက်သား။ နွေးထွေးသော သူ့ကိုယ်အရှိန်ကြောင့် သူမ မျက်နှာမှာပါ ပူထူသွားရသည်။ သူမ ရုန်းမိတော့လေသည်။

"ရှင် ဘာလုပ်တာလဲ၊ လွှတ်ပေး..."

"မရုန်းနဲ့၊ မင်း ချမ်းနေတာ မဟုတ်ဘူးလား၊ ငါ့ကိုယ်က နွေးတယ်လေ၊ ငါ မင်းကို လေဒဏ်မိုးဒဏ်ကနေ ကာပေးလို့ ရတယ်"

နျန်ကျွင်းထင် လေသံခပ်မာမာနှင့် ပြန်ပြောလိုက်၏။

လော့စန်းကတော့ မငြိမ်နိုင်။ အရင်ကလည်း သူတို့ ပွေ့ဖက်မိဖူးကြသော်လည်း မတော်တဆဖြစ်ခဲ့သည်ချည်း။ ယခုတော့ မတူပေ။ အဝတ်အစားများကလဲ စိုရွှဲနေသည်။ နှစ်ယောက်သား ခန္ဓာကိုယ်ကလည်း နေရာအလပ်မရှိ ပူးကပ်နေသည်။ သူမ၏ အေးစက်မှုနှင့် သူ၏ နွေးထွေးမှုတို့က ဘက်ထရီတစ်ခု၏ လျှပ်ဖိုအစွန်းနှင့် လျှပ်မအစွန်းပမာ။ သူတို့၏ ခန္ဓာကိုယ်တွင်း လျှပ်စီးကြောင်းများ ဖြတ်သန်းသွားစေခဲ့သည့်အလား။ 

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now