အခန်း ၁၀၇။

3.3K 509 57
                                    

Original Title - Growing Fond of You, Mr. Nian
Author - Leaf Snow
MM Translator - No Cause

အခန်း ၁၀၇။ နောင်ဆို အဲဒီနွဲ့သလိုလို ကောင်လေးနဲ့ ဝေးဝေးနေ...
____________________

"ဘယ်က ဖုန်းကော့လဲ..."

နျန်ကျွင်းထင် ပြန်မေးလိုက်၏။

"ကျွန်တော်တို့ နိုင်ငံရဲ့ ပထမတန်းစား ဒရာမာ သရုပ်ဆောင်၊ ဒရာမာအစည်းအရုံးမျိုးစုံမှာ ဥက္ကဋ္ဌဖြစ်ရင်ဖြစ် မဖြစ်ရင် အဖွဲ့ဝင်အနေနဲ့ ပါတတ်တယ်" ဟု လုခန်းက ပြန်ဖြေသည်။

"ဟိုတလောက ဆရာ့ကိုယ်စား ကျွန်တော် ပါတီတစ်ခု တက်ရသေးတယ်လေ၊ အဲ့ဒီမှာ ဖုန်းကော့နဲ့ ချီရှန်းရွှီအတူတူရောက်လာတာ တွေ့လိုက်တယ်။ ရုပ်ရှင်အသိုင်းအဝိုင်းက တော်တော်များများ ဖုန်းကော့ကို လေးစားကြတယ်။ ဆိုတော့ကာ လော့စန်းသာ ချီရှန်းရွှီရဲ့ ရည်းစားဖြစ်သွားရင် အားလုံးက ဝိုင်းပြီး နေရာပေးကြမှာပဲ၊ ပေါက်သွားမှာ သေချာတယ်"

နျန်ကျွင်းထင် မျက်မှောင်ကျုတ်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။

"နောက်ခံရှိတဲ့သူတိုင်း မင်းသား မင်းသမီး လုပ်လို့ရနေတာ၊ အခုခေတ် ရုပ်ရှင်တွေရော ဇာတ်လမ်းတွဲတွေပါ အီးပေါလော ဖြစ်ကုန်တာ မဆန်းတော့ဘူး..."

လုခန်းကတော့ ချီရှန်းရွှီ၏ မိန်းကလေး ပရိသတ်အင်အားထုကြီးရှိရာ အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အခုခေတ် ကောင်မလေးတွေက သူ့ကို ကြိုက်ကြတယ်လေ"

"အဲဒါ သူတို့မှာ အမြင်မရှိကြလို့" ဟု နျန်ကျွင်းထင်က ပြန်ပြောသည်။

"ဒီည ပါတီမှာ ချီရှန်းရွှီ မအားနိုင်အောင် ဆွဲထားလို့ ရင်းနှီးမြုပ်နှံသူတွေကို ပြောလိုက်။ အဲ့ကောင် လျှောက်သွားမနေစေနဲ့၊ ဒီကောင့်ကြည့်ရတာ မျက်စိထဲ ကန့်လန့်ကြီး..."

"အာ... ဟုတ်" လုခန်း ပြန်ပြောလိုက်ရသည်။

ငါးမိနစ်ခန့်ကြာသော် လော့စန်း စင်ပေါ်မှ ပြန်ဆင်းလာခဲ့လေသည်။ သူမ ထိုင်ခုံနေရာက နံရံဘက် ပိုရောက်နေသည်။ ထို့ကြောင့် တခြားသူများ၏ ခုံရှေ့မှ သတိထား တိုးဝင်လာရလေသည်။ ထိုသို့ တိုးဝင်သွားလာနေရင်းက စူးရှရှအကြည့်တစ်ချက် သူမအပေါ် ကျရောက်လာသည်ကို ခံစားလိုက်မိတော့၏။

ချစ်စိတ်လေးတွေ ဖူးပွင့်စေWhere stories live. Discover now