အခန်း ၉၇။

3.6K 522 4
                                    

Original Title - Growing Fond of You, Mr Nian
Author - Leaf Snow
MM Translator - Jas_astra

အခန်း ၉၇ ။ သရုပ်ဆောင်ဖို့ ကျုံးရိစိတ်ကောင်းဝင်နေသေးပါ့မလား သူမသိချင်မိ

လော့စန်းက ခေါင်းလေးစောင်းပြီး ခဏစဉ်းစားနေဟန်ဆောင်လိုက်သည်။

"နင်ထင်တာမှန်သွားပြီ၊ တကယ်တော့ ငါနင့်ကိုစစမြင်တည်းက သဘောကျခဲ့တာပါ"

ထန်းနင်းက ကြက်သီးထသွားပြီးနောက် ရယ်မောကာ အော်ဟစ်လိုက်သည်။

"စိတ်ကုန်တယ်၊ နင်ငါ့ကို နေမကောင်းဖြစ်အောင်လုပ်တာ အခု ညလယ်စာ အဆာပြေမုန့်တွေတောင် မစားနိုင်တော့ဘူး"

သူမက တတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်၍ လော့စန်းတွင် အတန်းတက်စရာများများစားစားမရှိပေ။ ထို့ကြောင့် နောက်တစ်နေ့မနက်တွင် သူမက ကျုံးရိနေသည့် နေရာသို့ ဘတ်စ်ကားစီးသွားသည်။ ထိုနေရာက ကျင်းတင်အပြည်ပြည်ဆိုင်ရာ ဟုခေါ်သည်။

ကျန်းဖေးက တံခါးဖွင့်ချိန် လော့စန်းကိုမြင်၍ အံ့သြသွားလေသည်။

"နင်ဘယ်လိုလုပ်..."

လော့စန်းက ထေ့ငေါ့ပြုံးကာမေးလိုက်သည်။

"ဘာလဲ"

ကျန်းဖေးမှာ လော့စန်း ဘာကြောင့် အစောကြီး ပေါ်လာလဲ မေးချင်နေသည်။ လော့စန်းမှာ မနေ့ညက မစ္စတာလင်း၏ အိပ်ရာပေါ် သေလုနီးပါး နှိပ်စက်တာကို ခံနေရလောက်ပြီဟု ထင်ခဲ့သည်။ ထို့ကြောင့် အခု သူမက အထိအခိုက်မရှိသည့်ဟန် ဒီလောက် အစောကြီး ဘယ်လိုလုပ်ပေါ်လာလည်း နားမလည်ပေ။

သို့ပေမဲ့ ကျန်းဖေးကမကြာခင် စိတ်ပြန်တည်ငြိမ်သွားသည်။

"ဘာမှမဟုတ်ဘူး၊ နင်ဒီရောက်နေပြီဆိုတော့ အလုပ်စလုပ်တော့ မြန်မြန် ကျုံးရိပစ္စည်းတွေကို သွားပြီးထုတ်ပိုးပေးလိုက်၊ သူ ဒီနေ့ ရုပ်ရှင်ရိုက်ကွင်းသွားရမှာ၊ နင်သူနဲ့သွားရမယ်"

သူမက ရုပ်ရှင်ရိုက်တော့မှာလား။ လော့စန်းတိတ်တဆိတ် သရော်လိုက်သည်။

ဒီနေ့ သရုပ်ဆောင်ဖို့ ကျုံးရိစိတ်ကောင်းဝင်နေသေးပါ့မလား သူမသိချင်မိသည်။

ချစ်စိတ်လေးတွေ ဖူးပွင့်စေOnde histórias criam vida. Descubra agora