အခန်း ၉၄။

3.7K 574 49
                                    

Original Title - Growing Fond of You, Mr Nian
Author - Leaf Snow
MM Translator - Jas_astra

အခန်း ၉၄ ။ ငါလည်းအသက်ကြီးလာပြီ ရည်းစားထားဖို့ ကြိုးစားရမဲ့ အချိန်ရောက်ပြီပဲ

"မင်းလိုချင်မှတော့ ပေးမယ်"

"ကျွန်မလိုချင်တယ်လို့ မပြောဘူးလေ"

လော့စန်းမှာ ရူးချင်လုနီးပါး ဖြစ်နေသည်။

နျန်ကျွင်းထင်က သူမကို 'ဟန်ဆောင်တာရပ်တော့'ဟု ဆိုနေဟန် တစ်ချက်ကြည့်လိုက်သည်။

"ယူလိုက် မင်းကိုယ်မင်း အစိုခံလို့ရပေမဲ့ ငါ့ဂျတ်ကတ်တော့ မရဘူး"

လော့စန်း အမှန်တကယ်ကို ဘယ်လိုတုံ့ပြန်ရမည်မှန်းမသိတော့ပေ။

နျန်ကျွင်းထင်က ရည်းစားရော ရပါ့မလားဟု သူမသံသယဖြစ်မိသည်။

ခုနက ကားထဲတွင် သူမ ရင်အနည်းငယ်ခုန်သွားခဲ့သည်။ ယခုတော့ သူမနှလုံးသား တစ်ခုခုလွဲနေ၍ ဖြစ်မည်ဟု ယုံသွားသည်။

"မစိုးရိမ်ပါနဲ့၊ ကျွန်မရှင့်ဂျတ်ကတ်ကိုသေချာပေါက် ဂရုစိုက်မှာပါ နည်းနည်းလေးတောင် မစိုစေရဘူး"

"အင်း"

မိန်းကလေးနှစ်ယောက် ထီးတစ်ချောင်းနှင့်အတူ ညအမှောင်ထဲ ပျောက်ကွယ်သွားတာကြည့်ရင်း နျန်ကျွင်းထင်က အတွေးများထဲတွင် ပျောက်ဆုံးနေသည်။

လုခန်းက ကားထဲတွင် ပြန်ထိုင်ကာ ကားစက်နှိုးလိုက်သည်။ ရုတ်တရက် နောက်ခန်းမှ လာသည့် သူ့ဘော့စ်အသံကိုကြားလိုက်ရသည်။

"မင်းလော့စန်းကို သဘောကျလား"

"မကျပါဘူး"

ကြောင်သွားသည့် လုခန်းခမျာ ချောင်းအကျယ်ကြီးဆိုးမိတော့သည်။

"ဒါဆို ယန်စုဆိုတဲ့တစ်ယောက်ကို ကြိုက်လား"

လုခန်းက ခေါင်းကိုပွတ်ပြီး ပြုံးကာ ရှက်ရှက်ဖြင့်ပြောလေသည်။

"မစ္စတာနျန် သူဌေးမြင်မှာပါ၊ ကျွန်တော်က သုံးဆယ်နား ကပ်နေပေမဲ့ ခုထိ ရည်းစားမထားရသေးဘူး၊ အဲကောင်မလေးကိုမြင်မြင်ချင်း သဘောကျမိတယ်"

"လော့စန်းလည်း အခုလှတာပဲ၊ မင်းဘာလို့ သူ့ကိုကျမကြိုက်တာလဲ"

ချစ်စိတ်လေးတွေ ဖူးပွင့်စေDonde viven las historias. Descúbrelo ahora