12

143 17 2
                                    

baekhyun နဲ့အတူတူရှိရတဲ့အချိန်တွေက chanyeol အတွက် တစ်စက္ကန့်လေးကအစတန်ဖိုးရှိတယ်။ အဲ့တာကြောင့်အချိန်တိုင်း baekhyun ဘေးမှာကပ်တွယ်နေတော့တာပဲ။

တပတ်မှာ သုံးရက်လောက်က baekhyun အိမ်လိုက်အိပ်တတ်သလို မကျယ်လှတဲ့ကုတင်ပေါ်တွင် baekhyun ရင်ခွင်ထဲခေါင်းတိုးပြီးအိပ်တတ်သည်။

ပြီးရင် baekhyun ရဲ့ဆေးနံ့သင်းတဲ့ကိုယ်သင်းနံ့ကိုခိုးရှူရင်းပင် baekhyun ရဲ့ခါးတုတ်တုတ်လေးကိုကျစ်ကျစ်ပါအောင်ဖတ်ထားတတ်သည်။

သူများအိမ်ပေါ်တတ်ပြီး သူများသားသမီးကိုအသားတက်ယူနေတဲ့ chanyeol ပါပဲ။

baekhyun ကလည်းကြည်ကြည်ဖြူဖြူပင်။ 
တစ်နေ့လုံးသာတစ်ကျက်ကျက်ရန်ဖြစ်ရင်ဖြစ်မယ်
အိပ်ချိန်ရောက်တိုင်း သူ့ရင်ခွင်ထဲစပ်ဖြဲဖြဲရုပ်နဲ့တိုးဝင်လာတတ်တဲ့ chanyeol ကြောင့်လည်း သူ့အိပ်မက်တွေလှခဲ့တာပါပဲ။

"Chanyeol ရေ ဖုန်းလာနေတယ် hyung တဲ့ "

ကာတွန်းကားထိုင်ကြည့်နေရင်း ဖုန်းဝင်လာတဲ့အတွက် ရှူးသွားပေါက်တဲ့ chanyeol ဆီအော်ပြောလိုက်သည်။ baekhyun အသံကြားတာနဲ့ အိမ်သာထဲကပြေးထွက်လာတဲ့ chanyeol ကချော်မလဲရုံတမယ် ။ ပါးစပ်ကလည်း မင်းမကိုင်နဲ့နော် ဆိုပြီးအော်လာသေးတယ်။ ဒီကောင်ဘာကြောင်တာလဲဆိုတဲ့ အကြည့်နဲ့ကြည့်ပေးလိုက်တော့ စပ်ဖြဲဖြဲနှင့် လက်ထဲကဖုန်းကိုလုယူသွားသည်။

ဖုန်းပြောနေရင်း လည်ပင်းကိုလက်နဲ့သပ်သပ်ချနေတဲ့ chanyeol ကြောင့် baekhyun နှုတ်ခမ်းဆူချင်လာသည်။

ဒါက chanyeol ရှက်ရင်လုပ်တတ်တဲ့အပြုအမူမလား။ ဒီကောင်က ဘာကိစ္စရှက်နေရတာလဲ။
ဆယ်မိနစ်နီးပါးလောက်ကြာမှ baekhyun ဘေးပြန်ရောက်လာတဲ့သူ့ကို မျက်စောင်းတစ်ချက်ခဲလိုက်သည်။

"ဒါနဲ့နေပါအုံး မင်းမှာအကိုရှိတယ်လိုငါမကြားဖူးပါလား။ အမပဲရှိတာမဟုတ်ဘူးလား "

အရင်ကတည်းက မှေးသည့်မျက်ဝန်းတို့ကို အနည်းငယ်ပိုပြီးကျဉ်းမြောင်းလိုက်ကာ မေးလာသည့် baekhyun ပုံစံက chanyeol ကိုချွေးပြန်လာစေသည်။ Sehun သာသူ့အကိုမှန်းသိသွားရင် chanyeol ကတော့သေချာပေါက်လက်သီးစာမိမှာဖြစ်သည်။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now