(4)

220 22 4
                                    

Te~~Teee~~~

တတီတီနှင့်မြည်နေသည့်ဖုန်းလေးသည်ကိုင်သူမရှိ။
ငါးခါနှင့်အထက်မြည်နေပြီဖြစ်သော
ဖုန်းမျက်နှာပြင်ပေါ်ရှိနံပါတ်စိမ်းကိုကြည့်၍
ထိုလူသည် ဘယ်သူမှန်း
Baekhyun ကောင်းကောင်းသိပါသည် ။

သူ့ ph no ကိုသိတာဆိုလို့ ဖေဖေရယ် မေမေရယ်
ဟိုအရူးအဘိုးကြီးရယ်
မနက်ကမှလောလောလတ်လတ်ဖုန်းနံပါတ်ရသွား
သည့်ဟို  ပလီပလာ park မျိုးရိုးကောင်ရယ်သာရှိ
သည် ....။

ခြောက်ခါမြောက်လာသောခေါ်ဆိုမှုအထိတိုင်
သူလက်မလျော့သေးဘူးလား။ အနည်းဆုံး ကိုင်မဲ့သူ
မရှိရင်လက်လျော့လိုက်သင့်ပြီမဟုတ်ဘူးလား ။

ဖုန်းကိုကိုင်ပြီးပဲ ဆဲလိုက်ရမလား ။
Blacklist ထဲပဲထည့်လိုက်ရမလား ။
အဲ့လိုလုပ်လို့လည်းမဖြစ်သေးပါဘူး ။
တော်ကြာသူ့ကို blacklist ထဲထည့်ပါတယ်ဆိုပြီး
ငိုသံပါကြီးနှင့်ပလီပလာလုပ်ပြီးမေမေ့ကိုတွေ့ရင်တိုင်
မှ Baekhyunရဲ့သေချာနေတဲ့
album အချပ် 30 က
အရေအတွက်လျော့သွားအုံးမယ်..။

ခုနစ်ခါမြောက်သော ခေါ်ဆိုမှုတွင် baekhyun ဖုန်းကို
ကောက်ကိုင်လိုက်သည် ။
ကျောင်းမှန်ကန်မှန်းသိအောင်တော့ပြောပြရအုံး
မည် ။

"ခင်ဗျားလူလိုနားမလည်ဘူးလား။ "

"Baekhyunee ကလူလိုပြောရင်ကျွန်တော်နား
လည်တာပေါ့ ။"

နာစေချင်လို့ နာအောင်ပြောပါတယ်ဆို
ကိုယ့်စကားကိုယ်စူးပြီးပြန်နာရတာက
Baekhyun ရယ်ပါ ။

ဒေါသ ထွက်လို့အသက်ရှူတောင်ကျပ်လာသလိုပါပဲ။
ချီးပါပဲ ငနာကောင် park ရေ။

"ကျွန်တော့်ကိုဘာလို့ဆက်တိုက်ဖုန်းခေါ်နေတာလဲ
မကိုင်မှန်းသိရင်ဆက်မခေါ်နဲ့တော့လေ။ "

"အခု baekhyunee ကိုင်နေပြီလေ ။"

"ဘောပဲ park chanyeol ဆိုတဲ့အကောင်ရေ။ "

"Ha ha ha ကျွန်တော်ကစတာပါ။
ကျွန်တော်အကူအညီတောင်းချင်လို့ဆက်တာပါ။ "

"မဟုတ်မှ ကျွန်တော်ကူညီလိမ့်မယ်လို့ထင်နေတာလား။ အကူအညီလိုရင် help center ကိုခေါ်လိုက်
အိုခေလား ။"

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now