15

149 20 5
                                    


နွေရာသီကို ခြေလှမ်းစလှမ်းမိတာနဲ့တစ်ပြိုင်နက်
ရာသီဥတုကအရင်လောက်အများကြီးမအေးတော့ဘူး။ ခပ်နွေးနွေးလေးနေရတာ သဘောကျတဲ့ baekhyun အတွက် နွေဦး က အကောင်းဆုံးပဲ။

တနည်းအားဖြင့်ဆိုရင် chanyeol အတွက်လည်း အလုပ်မရှုပ်တော့ဘူးပေါ့။ ဆောင်းရာသီတုန်းကများ baekhyun နွေးထွေးဖို့အတွက်ပဲ သူ့မှာအလုပ်တွေအမြဲရှုပ်နေတာ။

အမြဲတမ်းလိုလို baekhyun ရဲ့ပါးလေးတွေစမ်းကြည့်လို့ အေးစက်လာပြီဆိုရင် ဆေးရုံခန်းထဲကရှိသမျှစောင်တွေက baekhyun ကိုယ်လေးပေါ်မှာ ရောက်နေပြီးသား။

စောင်တွေနဲ့အထပ်ထပ်အပတ်ခံထားရတဲ့ baekhyun က ပေါင်းခံထားတဲ့အိုးထဲကဖြူဖြူလုံးလုံးပေါက်စီနဲ့တူတာသေချာပေါက်ပဲပေါ့။ အဲ့လိုအချိန်ဆို baekhyun ကလည်းပြုံးတုံ့တုံ့နဲ့ ကျေနပ်နေတဲ့ရုပ်လေး။

Chanyeol နဲ့ baekhyun စတွေ့ခဲ့တာက ဆောင်းရာသီအစပိုင်းလောက်မှာဖြစ်တယ်။ အခုဆိုရင်ပဲ နွေဦးရောက်ပြီ။ ဒါက သူတို့နှစ်ယောက်ဟာ ရာသီဥတု တစ်ခုစာအတူတူဖြတ်သန်းခဲ့ပီးပြီဆိုတဲ့သဘောပဲ။

ဖြစ်နိုင်မယ်ဆိုရင် chanyeol နဲ့ ဆောင်းရာသီပေါင်းများစွာ၊ နွေဦးပေါင်းများစွာကိုအတူတူဖြတ်သန်းချင်မိပါသေးတယ်။ ဘုရားသခင်က မျက်နှာပေးခဲ့ရင်ပေါ့။

"baekhyunee ငါ့ကိုလက်ထပ်ပါလား "

ပလက်တီနမ်ပေါ်မှာ စိန်လေးတစ်ပွင့်သာမြှုပ်ထားတဲ့ လက်စွပ်ထည့်ထားသော ကတ္တီပါဘူးနက်ပြာရောင်လေး။

ကံမကောင်းစွာပဲ chanyeol က ဒူးမထောက်နိုင်ခဲ့ဘူး။ သူ့ခြေထောက်တွေက သိပ်ကိုတုန်ရီနေတယ်လေ။ မတ်တပ်ပဲရပ်လိုက်မိရင်တောင် ပြန်ခွေလဲကျတော့မလိုပဲ။

ဒါကြောင့် ဝှီးချဲပေါ်ကနေပဲ ကုတင်ပေါ်ထိုင်နေတဲ့ baekhyun ဆီ သိမ်ငယ်ခြင်းတစ်စွန်းတစ်စပါတဲ့ စကားတစ်ခွန်းသာဆိုနိုင်တယ်။ baekhyunee ငါ့ကိုလက်ထပ်ပါလား တဲ့။

"တကယ်ဆို မင်းငါ့ကို ဒူးထောက်ပြီး တောင်းဆိုသင့်တာမဟုတ်ဘူးလား။ "

ခေါင်းပြန်မော့မလာတော့တဲ့ chanyeol ဟာ လက်တွေကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို baekhyun မြင်နေရတယ်။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now