နှင်းတွေထူထည်းစွာကျဆင်းနေတဲ့မနက်ခင်းစောစောက baekhyun ရဲ့ ခုန်နေတဲ့နှလုံးသားကိုအေးခဲစေဖို့လည်းမတတ်သာပါဘူး။
တစ်လှပ်လှပ်ခုန်နေတဲ့ နှလုံးခုန်သံက သုံးထပ်လောက်ဝတ်ထားတဲ့ ကုတ်အင်္ကျီအထပ်ထပ်အောက်မှာ ဖြစ်သည်။
အဖြူရောင်သိုးမွေးကုတ်ကြီးအောက်က baekhyun ကိုအဝေးကကြည့်ရင်နှင်းရုပ်လေးတစ်ရုပ်လို့ထင်ရလောက်တဲ့အထိ သူ့အသားကပါနှင်းတစ်မျှဖြူစွတ်နေသည်။
ဆင်စွယ်ရောင်ဆွယ်တာထဲမျက်နှာတစ်ဝက်လောက်ကနစ်မြုပ်နေပြီး ဆံပင်ငုတ်စိလေးတွေထွက်နေတဲ့ခေါင်းလုံးလုံးလေးအထက်တွင်လည်း အဖြူရောင် သိုးမွေးဦးထုပ်လေးကနေရာတကျ။
တစ်ကိုယ်လုံးစွတ်စွတ်ဖြူအောင်ဝတ်ထားတဲ့ baekhyun က နှင်းတောထဲ ငုတ်တုပ်လေးထိုင်ပြီး နှင်းတွေပေါ်ဟိုခြစ်သည်ခြစ်လုပ်နေလေသည်။
Baekhyun ကပုံဆွဲမတော်ပါဘူး။
သူဆွဲလိုက်တဲ့ ပုံတွေက သေချာကြည့်လေ အရုပ်ဆိုးလေပဲ။ဒါပေမယ့် နှင်းတွေပေါ်မှာသူဆွဲလိုက်တဲ့ပုံလေးကတော့ ရိုးရှင်းပါတယ်။ အရပ်ရှည်တဲ့ ကောင်လေးတစ်ယောက်နဲ့ ထိုကောင်လေးထက်အနည်းငယ်ပုတဲ့ ကောင်လေးတစ်ယောက်ဘေးချင်းယှဉ်ရပ်နေတဲ့ပုံလေး။
စက်ဝိုင်းတစ်ဝိုင်းနဲ့ မျဉ်းဖြောင့်တစ်ကြောင်း
ပြီးတော့ ခြေလက်အဖြစ်ထပ်ဆွဲထားတဲ့နောက်ထပ်
မျဉ်း လေးချောင်း။ ဒါပါပဲ။
baekhyun ရဲ့လူပုံစံအရုပ်လေး။baekhyun သူဆွဲထားတဲ့ ပုံလေးကိုကြည့်ကာ သဘောတကျနဲ့ရီလိုက်မိသည်။ chanyeol ရဲ့နားကိုပိုကားအောင်ဆွဲလိုက်သင့်လား ။
"ငယ်လေးရေ အေးတယ်လေ အိမ်ထဲဝင်ပြီးစောင့်ပါလား။ "
Baekhyun သူ့အနောက်နားက နီးကပ်လာတဲ့ မေမေ့ရဲ့အသံကြောင့် မြေပြင်ပေါ်ဆွဲထားတဲ့ ပုံလေးကို ခပ်မြန်မြန်ခြစ်ချလိုက်သည်။
"မေမေ သားကိုဖက်ပေးပါလား "
နှင်းထဲစိုက်ဝင်နေတဲ့မုန်လာဥဖြူလေးလို baekhyun က လက်လေးနှစ်ဖက်ကိုဆန့်တန်းကာ သူ့မေမေကို ချွဲနေပြန်လေပြီ။

YOU ARE READING
NOT A FAIRY TALE... (COMPLETE)
Fanfictionနောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတွက်ရေးပါသည်။ ChanBaek (yaoi) #moonlight