baekhyun ဆီက လက်ထပ်ပါမယ်ဆိုတဲ့စကားကြားရပြီးကတည်းက chanyeol တစ်ယောက် နေ့ရှိသရွေ့ မင်္ဂဆောင်ဖို့အကြောင်းတွေပဲ ပြောနေတော့တာ။ဥပမာ... baekhyun အသားကဖြူလို့ မင်္ဂလာဝတ်စုံကို အဖြူစွတ်စွတ်ပဲဝယ်ရမယ်။ မင်္ဂလာပန်းစည်းကတော့ဘယ်သူမှမကိုင်ဘူး။ ပွဲမှာ ဘာပန်းသုံးရင်ကောင်းမလဲ။ လီလီပန်းတွေဆိုရင်ရော ဒါမှမဟုတ် နှင်းဆီဖြူတွေဆိုရင်ရော။
ဒါတွေပဲ။ ဒီအကြောင်းအရာတွေကိုပြောနေရရင်ကို
chanyeol မျက်နှာကဝင်းတောက်နေတာ။
ပြောနေရင်းတန်းလန်းနဲ့ သူ့စကားကို သေချာဂရုစိုက်
ပြီးနားထောင်ပေးနေတဲ့ baekhyun ကို
မထင်ရင်မထင်သလို ဆွဲနမ်းသေးတာ။နမ်းရုံတင်ဆိုရင်တော့ baekhyun က
အိုခေသေးတယ်။နမ်းနေရင်း အကိုက်ခံရလို့ကတော့ baekhyun ရဲ့
လက်သီးက chanyeol ရင်ဘတ်ပေါ် အော်တို
ရောက်ပြီးသား။သေချာပေါက် အားမထည့်ထားတဲ့ လက်သီးပဲပေါ့။
မတော် အားထည့်လိုက်လို့ chanyeol က
နည်းနည်းလေးနာသွားတာနဲ့ baekhyun ကသူ့ကို
မချစ်တော့ပါဘူးဆိုပြီး ငိုချင်းချလွန်းလို့ ။
နောက်ဆုံးပြန်ချော့ရင်း ထပ်အနမ်းခံရတာလဲ baekhyun ပါပဲ။"baekhyunee ကိုငါဝန်ခံစရာ တစ်ခုရှိတယ်"
လက်တွေကိုလိမ်ကျစ်နေရင်း
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ chanyeol ကြောင့်
baekhyun ခေါင်းကျိန်းရတယ်။
ဒီ park မျိုးရိုးဒုတိယသားက ဘာလုပ်ထားပြန်တာလဲ။"ဘာလဲပြော "
"ငါ့ကိုစိတ်မဆိုးပါဘူးလို့ အရင် ကတိပေး"
"မဆိုးဘူး "
baekhyun ခပ်မြန်မြန်လေးကတိပေးလိုက်သည့်
တိုင် သက်ပြင်းတစ်ချက်ကိုချနေသေးတယ်။
ဒါကဘာလို့အရမ်း ရင်လေးစရာလို့ခံစားမိနေရတာလဲ။"ငါသိတယ်.. baekhyunee ကသေချာပေါက် စိတ်ဆိုးမှာ "
"ငါမဆိုးဘူးလို့ ပြောနေတယ်လေ!"
"ဟိုလေ.. ဟို.. ဟို "
လိုရင်းမရောက်ပဲ ထိုနေရာတွင်သာဝေ့ဝိုက်နေတော့
baekhyun မှာ chanyeol ခေါင်းကို
ထခေါက်ချင်စိတ်ဖြစ်လာတယ်။
YOU ARE READING
NOT A FAIRY TALE... (COMPLETE)
Fanfictionနောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတွက်ရေးပါသည်။ ChanBaek (yaoi) #moonlight