တစ်ခုသော ညနေခင်းမှာ baekhyun ဟာ chanyeol လက်ကိုဆွဲလို့ ဆေးရုံထဲကနေခိုးထွက်လာခဲ့တယ်။
အပြင်ထွက်ချင်တယ်ဆိုပြီး တဂျီဂျီလုပ်နေတဲ့ chanyeol ကြောင့် တစ်နေ့တစ်နေ့ baekhyun မှာခေါင်းမီးတောက်ရတယ်။
ဒါကြောင့်ပဲ သူနာပြုတွေလစ်တုန်း ဆေးပိုက်တွေဖြုတ်လို့ chanyeol လက်ကိုဆွဲကာ ဆေးရုံဝင်းထဲကထွက်လာလိုက်တယ်။
ဆေးရုံဝတ်စုံတွေနဲ့သူတို့နှစ်ယောက်ကို လူတွေက ကွက်ကြည့် ကွက်ကြည့်ပါပဲ။ သို့ပေမယ့်လည်း တစ်လောကလုံးကိုအလေးမထားဟန်နဲ့ သူတို့နှစ်ယောက်က ကစားကွင်းအလယ်မှာ ဟိုပြေး သည်ပြေးနှင့်ခုန်ပေါက်လို့ ကစားနေလေရဲ့။
အကြောတင်းလေး baekhyun ဟာ အောက်ဆီဂျင်ဘူး ယူမလာခဲ့ပါ။ ဒါကြောင့် မောလာလိုက် ထိုင်လိုက်။ သက်သာသွားလိုက် ပြန်ကစားလိုက်နှင့်ပင်။
အပြင်ထွက်ဖို့ ဂျီကျခဲ့တာ chanyeol ဖြစ်ပေမယ့်
တကယ်တမ်း ပျော်ပြီး ကလေးတစ်ယောက်လိုခုန်ပေါက်နေတာက baekhyun ဖြစ်တယ်။ ဒီလိုအချိန်တွေက chanyeol ထာဝရရပ်တန့်ချင်မိတဲ့အချိန်တွေပါပဲ။"baekhyunee အရမ်းမပြေးနဲ့ မောမယ် "
"အင်း "
ဆိုပြီး ရောက်ရာနေရာကနေ chanyeol ဆီပြေးလာပြန်တယ်။အဲ့လောက်စကားကိုနားထောင်ရလား ။
"chanyeol ငါတို့သရဲအိမ်ထဲဝင်မလား "
chanyeol ဆံပင်မွှေးတွေတောင်ထောင်ချင်သွားပါရဲ့။ ဒါဘယ်လိုကျီစယ်မှုမျိုးလဲ ။
"မဝင်ပါနဲ့လား baekhyunee ရယ် "
"ဘာလို့လဲ ။ သရဲကြောက်လို့လား။
မကြောက်ပါနဲ့ ။ အိုပါး တစ်ယောက်လုံးရှိတယ်။ အိုပါးကိုယုံလိုက် ။ နော်! လာသွားကြစို့ "သူ့ရင်ဘတ်ကို သူဟန်ပါပါပုတ်ပြပြီး chanyeol လက်ကိုဆွဲလို့ လက်မှတ်ကိုဝယ်တော့တယ်။ chanyeol မှာတော့ ချွေးစေးတွေကိုပြန်လို့။
သားမှားပြီ .. မှားပြီ မေမေရဲ့ လို့စိတ်ထဲမှငိုကြွေးနေမိတော့သည်။
ဝင်ဝင်ချင်းစောက်နဲ့ထွင်းတဲ့ သရဲထီးဟာ သူတို့နှစ်ယောက်ရှေ့ ဘွားခနဲ ခုန်ထွက်လာတယ်။ ငယ် သံပါအောင်အော်လိုက်တဲ့ baekhyun ကြောင့် chanyeol ရဲ့ မထွက်လာသေးတဲ့ အော်သံဟာ လည်ချောင်းထဲမှ ရင်ခေါင်းဆီသို့ပြန်လျောကျသွားလေတယ်။
YOU ARE READING
NOT A FAIRY TALE... (COMPLETE)
Fanfictionနောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတွက်ရေးပါသည်။ ChanBaek (yaoi) #moonlight