"chanyeol...ငါကြားဖူးတာရှိတယ်။
လူတွေသေဆုံးပြီး နောင်ဘဝမကူးခင်စပ်ကြားမှာ
အတိတ်မေ့ဟင်းရည် သောက်ကြရတယ်တဲ့ ။ ""ဘယ်သူပြောတာလဲ "
chanyeol ရဲ့လက်မောင်းတွေကြားထဲမှာ
ငြိမ်ငြိမ်လေးလှဲနေတဲ့ baekhyun ကိုယ်လေးက
နူးနူးညံ့ညံ့လေး။ ဖိညှစ်မိလိုက်ရင်တောင် ကျိုးကြေ
သွားမှာစိုးရလို့ chanyeol မှာမထိရက်မကိုင်ရက်။
တစ်နေ့တစ်ခြား နုဖက်လာတဲ့ baekhyun ရဲ့အသားအရည်က ကလေးလေးတစ်ယောက်လိုပဲ။"ဟိုဘက်အခန်းက အန်တီကြီးပြောပြတာ။
သူက တရုတ်စပ်တယ်လေ။ သူတို့တရုတ်ရိုးရာမှာ
အဲ့လိုရှိတယ်လို့ပြောတယ်။ လူတွေသေဆုံးကြတဲ့အခါ
နောက်ဘဝမရောက်ခင် အတိတ်မေ့ဟင်းရည် သောက်ကြရတယ်တဲ့ ။ အဲ့လိုမှမသောက်ရင် နောက်ဘဝရောက်တဲ့အထိ ဒီဘဝကမှတ်ဥာဏ်တွေမပျောက်ဘဲ ဘဝအသစ်မစနိုင်ကြဘူးတဲ့ ""အဲ့တော့ baekhyunee ကယုံတယ်ပေါ့ "
ဘယ်အရာမဆို လက်တွေ့ကျကျပဲစဉ်းစားတတ်ပြီး
နတ်သမီးပုံပြင်တွေကိုမကြိုက်တဲ့ ကောင်လေးက
ဒီအကြောင်းကိုအရေးတယူပြောနေတာက
တကယ့်ကို တစ်ခုခုပါပဲ။ အဲ့တစ်ခုခုကိုလည်း
chanyeol ခံစားမိပါသေးတယ်။"အင်း၊ ယုံကြည့်မလို့။ အကယ်၍များ
ငါပဲဖြစ်ဖြစ် ၊ chanyeol ပဲဖြစ်ဖြစ် အရင်ထွက်သွား
ရတဲ့အခါ အဲ့ဒီ့ ဟင်းရည်ကိုမသောက်ကြေးနော်။
ငါတို့နောက်ဘဝမှာ စောစောတွေ့ပြီး
အချိန်တွေအကြာကြီး ပိုချစ်ကြရအောင်။ နော်.. "chanyeol ရင်ခွင်ထဲ ပိုလို့တိုးဝင်လာတဲ့
baekhyun ကိုယ်လေးက ခပ်နွေးနွေးလေး။
chanyeol ဖတ်ထားတာကိုအနည်းငယ်ပို၍
တင်းကျပ်လိုက်တော့ အင့် ခနဲအသံလေးကိုကြား
လိုက်ရတယ်။ chanyeol သက်ပြင်းတစ်ချက်ကို
ခပ်လေးလေးချလိုက်ရင်း baekhyun ရဲ့ ခေါင်းလေးကိုခပ်ဖွဖွနမ်းရှိုက်မိ၏။"ဘာတွေ လျှောက်တွေးနေတာလဲ အရူးလေးရယ်။
နောင်ဘဝမကလို့ ဆယ်ဘဝပဲရှိစေအုံး ၊ ငါက baekhyunee ကိုသေချာပေါက်တွေ့အောင်လိုက်
ရှာပြီး ငါ့ကောင်လေးဖြစ်အောင်လုပ်မှာ ။
အချိန်တွေအကြာကြီးလည်း အတူတူရှိကြမယ်။
ဘိုးဘိုးကြီးတွေဖြစ်တဲ့အထိလည်းအတူတူနေကြမယ်။
အမှတ်တရတွေလည်းအများကြီးလုပ်မယ်။
အဲ့တာကြောင့် baekhyunee က ငါမရှိတော့တဲ့
အခါအများကြီးမငိုပါနဲ့။ ငါကနောက်ဘဝ ကိုအရင်
သွားနှင့်ပြီး baekhyunee ကိုစောင့်နေမှာမို့လို့
baekhyunee ကအများကြီးမငိုပဲ ပိုပြီးတော့ အသက်ရှည်ရှည်နေပြီးမှလာခဲ့။ ကြားလား အရူးလေး "
YOU ARE READING
NOT A FAIRY TALE... (COMPLETE)
Fanfictionနောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... နောင်တကင်းသော ချစ်ခြင်းတရားကိုသာ လိုလားပါ၏။... ဒီ fiction ကို @matdarlinmawyi အတွက်ရေးပါသည်။ ChanBaek (yaoi) #moonlight