13

134 19 2
                                    

"ငါ baekhyunee ကိုချစ်တယ် "

ရိုးရိုးရှင်းရှင်းလေးပါပဲ။ တစ်ခါတစ်လေမှာ
အရိုးရှင်းဆုံးသောအရာတွေဟာ အပြည့်ဝဆုံးသော အဓိပ္ပါယ်တွေရှိလေတယ်။

chanyeol ဒီစကားကိုပြောခဲ့တဲ့အချိန်က ဘာပန်းစည်း၊ ဘာမျှသောလက်ဆောင်တွေမပါဘဲ baekhyunee သူ့ကိုခေါ်သွားဖူးတဲ့ ဆာကူရာပန်းပင်တန်းတွေရဲ့အလယ်မှာသာဖြစ်တယ်။

သူ့ကိုတောက်တောက်ပပ တစ်ချက်သာပြုံးပြရင်း ဆာကူရာပင်တွေကြားထဲခပ်သွက်သွက်လျှောက်သွားလေတဲ့ baekhyun ။

ကြွေလွင့်လာတဲ့ ဆာကူရာပန်းပွင့်ဖတ်တွေထဲကအချို့က baekhyun ရဲ့ခေါင်းလေးပေါ်တင်လေတော့ chanyeol သူ့လက်တွေနဲ့ဖယ်ပေးလိုက်သေးတယ်။

သဘာဝတရားဟာ သူတို့ဘက်ကိုပါသယောက်ယောင်။ လေပြည်ဟာဖြေးဖြေးသာသာတိုးဝှေ့သွားတော့ ထပ်မံကြွေကျလာတဲ့ပွင့်ဖတ်တွေကြား baekhyun ဟာ ပျော်ရွှင်စွာပြေးလွှားလေတယ်။

ပွင့်လွှာတွေကြားထဲ အောက်ဆီဂျင်ဘူးပြာလေးဆွဲပီးပြေးလွှားနေတဲ့ကောင်ငယ်လေးနောက်ကို chanyeol ဖြေးဖြေးနဲ့မှန်မှန်လျှောက်သွားလိုက်ပြီး သူ့ရင်ခွင်ထဲထွေးပွေ့လိုက်သည်။

"ငါ baekhyunee ကိုချစ်တယ်"

ဒုတိယမ္ပိ ဝန်ခံပြောဆိုခြင်းသည်လည်း ထိုစကားတစ်ခွန်းသာဖြစ်သည်။ ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ ကောင်လေးရဲ့ ကိုယ်လေးကို ထပ်မံအားထည့်ကာဖက်လိုက်တော့ သူ့လက်သွယ်လေးတွေက chanyeol ရဲ့ခါးပေါ်ယှက်တွယ်လာလေတယ်။ ထွက်ပေါ်လာတဲ့အသံတိုးတိုးလေးကြောင့် chanyeol ရင်တွေခုန်ရလွန်းလို့ရူးမတတ်ပါပဲ။

"ငါလည်းမင်းကို ချစ်ပါတယ် " တဲ့။

ရိုးရိုးရှင်းရှင်းသာ ချစ်စကားဆိုခဲ့ပြီး...
ရိုးရိုးရှင်းရှင်းသာပဲ ချစ်ခဲ့ကြလေတယ်။
နှစ်ယောက်စလုံးတောင်းမိသည့်ဆုဟာလည်း ရိုးရှင်းပါတယ်။
'ဘုရားသခင်ဟာ သူတို့နှစ်ယောက်ကို အချိန်နည်နည်းပိုပြီးရှင်သန်ခွင့်ပေးဖို့' သာဖြစ်တယ်။

သူတို့ရဲ့ ပျော်ရွှင်ရချိန်တွေဟာ သိပ်မကြာခဲ့ပါဘူး ။
တစ်နေ့ထက်တစ်နေ့ ကျန်းမာရေးချူချာလာကြတဲ့သူတို့နှစ်ယောက်ဟာ ဆေးရုံကိုခနခနရောက်ကြလေတယ်။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now