(5)

238 25 33
                                    

"Arrr! Sehunnie! !!"

အိမ်ထဲကိုဝင်ဝင်ချင်းပင်
ဧည့်ခန်းမှာချိတ်ထားတဲ့ hyung ရဲ့ပုံကိုကြည့်ပြီး
အသည်းအသန်ထအော်ကတည်းက
hyung ရဲ့ fan ဖြစ်ကြောင်း
Chanyeol အတိအကျသိလိုက်ပါပြီ ။

တကယ်ပါပဲ hyung ရဲ့ fan တွေကနေရာအနှံ့ပဲ။
ပြီးတော့ hyung လိုဘဲ ဘုနဲ့ဘောက် တွေ ချည်းပဲ ။
ဒါပေမယ့် ဒီ fan boy လေးက
hyung ထက်ပိုချစ်ဖို့ကောင်းတယ်ဆိုတာက အမှန်တရားပင်။

"Chanyeol ခင်ဗျားက sehunnie ရဲ့
Fan boy ပဲလား "

"ဟမ် အော်.. အေးဟုတ်တယ် "

"ဘာလို့စောစောကမပြောတာလဲ
ကျွန်တော်လဲ sehunnie fan ပဲ
ဂိုဏ်းတူတော့ကီးကိုက်တာပေါ့ အဟဲ ။
ခင်ဗျားနဲ့ကျွန်တော်ပြောစရာစကားအများကြီးရှိတော့
မှာ ဟီးဟီး "

ပထမဆုံး အနေနဲ့
Baekhyun ရဲ့တက်ကြွနေတဲ့ပုံကိုသူမြင်ရတာပဲ ။
Sehun fan boy ဆိုတဲ့စကားတစ်လုံးက
ဒီလောက်အခြေအနေကိုပြောင်းလဲနိုင်ခဲ့ပြီး
chanyeol သာ sehun ရဲ့ ညီမှန်းသိသွားခဲ့
ရင်ရော ။

"Chanyeol တကယ်မိုက်တယ်သိလား ။
အခု chanyeol ချိတ်ထားတဲ့ ဓာတ်ပုံ ကို
ကျွန်တော်ဘယ် fansites မှာမှမမြင်ဖူးဘူး။
ဘယ် album. မှာမှလည်းမပါဘူး။
ဒါကို Chanyeol ဘယ်လိုရလဲ "

ဒါက Sehun hyung ကိုဟိုတလောကမှ
Chanyeol ဖေဖေကိုယ်တိုင်ရိုက်ပေးထားတဲ့ပုံလေး။
ဖေဖေက ဓာတ်ပုံပညာရှင်တစ်ယောက်
Sehun hyung က ဖေဖေ့ညီမရဲ့သား ။
hyung ရဲ့ မေမေက hyung သုံးနှစ်သားအရွယ်
မှာဆုံးသွားတယ်။ ဒေါ်လေးဆုံးပြီးမကြာခင်မှာပဲ
hyung ဖေဖေက နောက်အိမ်ထောင်ပြုသွားတယ်။

ဖေဖေက hyung ကို ကျွန်တော်တို့နဲ့အတူတူနေဖို့
ခေါ်လာခဲ့တယ်။ hyung 5 နှစ်သားကတည်းက ။
အဲ့တုန်းက Chanyeol အသက် 2 နှစ်ပဲရှိသေးတာ...။

Hyung က သူ့မိဘတွေအကြောင်းကို
ဘယ်သူ့ကိုမှထုတ်မပြောခဲ့ဖူးဘူး။
ဒါ့အပြင်သူတို့အကြောင်းကိုလည်း မပြောပြဘူး။
Fan တွေကစိတ်အနှောက်အယှက်ပေးမှာစိုးလို့တဲ့ ။
ဒါကို Chanyeol ဒီfan boy လေးကိုပြောပြပြီး
အမှတ်ယူသင့်လား ။

မဖြစ်ပါဘူးလေ.
ဒီအတိုင်း FD တူတယ်ဆိုပြီးအမှတ်တွေပဲရနေတာ
ကောင်းပါတယ် ..။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now