(8)

169 23 15
                                    

"Chanyeol ah! တကယ်ကြီး "

သူ့ပါးစပ်လေးသူလက်ဝါးလေးနဲ့အုပ်ပြီး
မျက်ဝန်းမှေးမှေးလေးတွေအနည်းငယ်ပြူးကျယ်သွား
သည်အထိ baekhyun အံ့ဩနေမိပါ၏...။

"နောက် နှစ်ပတ်​နေရင်တွေ့မယ်နော် baekhyunee
concert မှာပျော်ဖို့အဆင်သင့်ပြင်ထား...။"

Chanyeol ပေးလိုက်တဲ့ ticket လေးကိုကိုင်၍
မယုံကြည်နိုင်သေးသလို သူ့လက်ဖမိုးလေးကိုတောင်
သူဆိတ်ဆွဲကြည့်နေသေးသည်...။

"Chanyeol ah!  ကျေးဇူးတင်ပါတယ် ... "

Baekhyun သူ့အရှေ့မှာ မတ်တပ်ရပ်နေသည့်
Chanyeol ရင်ခွင်ထဲတိုးဝင်ပြီးသူ့လက်သေးသေး
လေးတွေနဲ့ chanyeol ရဲ့ကျောပြင်ကျယ်ကြီးကို
ထွေးဖက်ထားလိုက်သည်....။

"မင်းက တကယ်အကောင်းဆုံးပဲ.. "

Chanyeol ရင်ခွင်ထဲမျက်နှာအပ်ကာ
ကျေးဇူးတင်စကားကိုခပ်ဖွဖွပြောလိုက်သည်...။

အခုရက်ပိုင်း baekhyunတကယ်ပျော်နေရပါသည်။
ညစဉ်ညတိုင်း chanyeol နဲ့အတူတူဖုန်းပြောရတဲ့
အချိန်တွေကတစ်နေ့တာအတွင်း အကောင်းဆုံးအချိန်
များဖြစ်လာသည်...။

Chanyeol ရဲ့ စိတ်ကူးယဉ်ဆန်ဆန်အတွေးများကို
နားထောင်ရတာ နေသားကျလာသလို
လေ လှိုင်းထဲက chanyeol ရီသံခပ်ဩဩကို
နားထောင်ရတာမက်မောလာသည်....။

Baekhyun ရဲ့ phone content မှာ
Chanyeol ဆိုတဲ့ နံပါတ်လေးတစ်ခုထပ်တိုးလာပြီး
ထိုနံပါတ်လေးဆီမှခေါ်ဆိုမှုကို
မျှော်လင့်နေတတ်လေပြီ။

နှစ်လဆိုသည့်အချိန်အတောအတွင်းမှာ
Chanyeol အပေါ်တော်တော်ခင်တွယ်လာမိသည်။
ဘာကြောင့်လဲ?

Chanyeol က စကားပြောကောင်းလို့လား ။
မဟုတ်... baekhyun ကစကားများတဲ့လူတွေဆို
သိပ်မုန်းတာ။

Chanyeol က သူ့ကိုဟာသတွေပြောပြလို့လား။
မဖြစ်နိုင်... baekhyun က မျက်ရည်ထွက်လောက်
အောင်ရီရတဲ့ဟာသကားတွေကိုတောင် နှုတ်ခမ်းတစ်
ချက်မညွတ်ပဲကြည့်နိုင်သူ...။

ဒါဆို Chanyeol က ထူးဆန်းလို့လား။
ပို၍ပင်မဖြစ်နိုင်... ကမ္ဘာပေါ်မှာ baekhyun ထပ်
ထူးဆန်းတဲ့လူရှိပါအုံးမလား...။

ဒါဆိုဘာကြောင့်လဲ..
baekhyun မသိ.. ဒီအတိုင်းရိုးရိုးလေးပဲ chanyeol ကိုသူသဘောကျသည် ။ သေခြင်းတရားတွေကို
Baekhyun ထည့်မတွက်ချင်တော့ ။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now