chapter 25

763 78 0
                                    

Unicode version ✅

၃နှစ်ကြာပြီးနောက်....

အင်ချွန်းလေဆိပ်တစ်ခုတွင်

"ဘာလို့ ခုထိမလာသေးတာလဲ"

ခပ်လှလှမိန်းကလေးတစ်ဦးက နာရီကို တချက်ငုံ့ကြည့်ရင်း ငြီးတွားလိုက်သည်။ ခဏ အကြာမှာတော့ သူမ မျှော်နေသော သူ ရောက်လာလေပြီ။

"Oppa Oppa ... ဒီမှာ"

သူမက ဝမ်းသာအားရ လက်လှမ်းပြလိုက်သည်။
သူက မျက်နှာမှာ စိတ်ရှုပ်ဟန်နှင့် သူမဆီ လျှောက်လာသည်။

"မင်း ဒီမှာဘာလုပ်နေတာလဲ"

"ဘာလုပ်ရမှာလဲ အကို့ကို လာကြိုတာလေ"

"အိမ်ပြန်တော့ မလိုဘူး"

"Mr. Byun Baekhyun ssi ...အရမ်းစကားများတာပဲနော်! လာ သွားမယ်"

Baekhyunလဲ ထပ်ပြောမရမှန်းသိနေတာမို့
စိတ်ရှုပ်လွန်းစွာဖြင့်သာ ငြိမ်နေရသည်။

၃နှစ်ကြာပြီးနောက် နောက်ဆုံးမှာတော့
Baekhyun ကိုရီးယားကို ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။

ခုနက မိန်းကလေးလား...

သူမက အင်း... Baekhyunနဲ့ စေ့စပ်ထားတဲ့
Baekhyunရဲ့ ဇနီးလောင်းလို့ ပြောရမှာပဲ။
ဒါပေမယ့် Baekhyun သူမကို မကြိုက်ပါ။
ဘယ်တော့မှလဲ ကြိုက်လာမှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ သုံးနှစ်က Baekhyunရဲ့ ကုမ္ပဏီမှာ
ကိစ္စကြီးကြီး တစ်ခုပေါ်လာပြီး  ပြဿနာဖြစ်ခဲ့တယ်။ အဲဒီမှာ သူမ အဖေက ကူညီပေးရင်း အခုလို အကြောင်းဖန်လာတာပဲ။

Baekhyunက အရည်အချင်းရှိတယ်၊ ချောတယ် ဆိုတာကပဲ သူ့သမီးနဲ့ ပေးစားဖို့ ဖြစ်သွားတယ်။
အပေးအယူ သဘောမျိုးဖြစ်သည်။

"Oppa အီတလီ စားသောက်ဆိုင်ကို
သွားကြမလား"

သူမက Baekhyunရဲ့လက်ကို ဆွဲကိုင်ရင်းမေးသည်။ Baekhyun စိတ်အနှောင့်အယှက်ဖြစ်စွာပဲ လက်ကို ပုတ်ထုတ်လိုက်တယ်။

"ငါ့နာမည်အပြည့်အစုံပဲခေါ်ပါ Lee Hani
ငါ အိမ်ပဲပြန်မယ်"

"အပြုအမူတွေကို ဆင်ခြင်နော် Oppa...
Hani ဒယ်ဒီကို ပြန်မပြောချင်ဘူး Haniကို စိတ်ဆိုးအောင် မလုပ်နဲ့"

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now