✔Unicode✔
"Hyung...ဒီနေ့ ကျွန်တော့်ကို
လာကြိုမှာလားဟင်"" ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး
ဒီအတိုင်း ""လာကြိုမယ်လေ"
"တကယ် တကယ်လား
ဝါး...Hyung ကအကောင်းဆုံးပဲ"Chanyeolက Hyung ကို လှမ်းဖက်လိုက်ပြီး နမ်းဖို့ကြိုးစားတော့ Yuraက အော်သည်။
"ရား...ငါရှိနေတာလဲ သတိရဦး"
Yuraရဲ့ အနှောင့်ကြောင့်
Chanyeolမှာ စိတ်ရှုပ်သွားရပြီး
စုပ်သပ်လိုက်သည်။"ကျစ်...နင် အိမ်မပြန်သေးဘူးလား"
"အမေနဲ့အဖေမှ ပြန်မလာသေးတာ
ငါကဘာလို့ အိမ်ပြန်ရမှာလဲ""ကဲ စကားမများနဲ့
သွက်သွက်စားကြ"Baekhyun က ၀င်ပြီး ငေါက်လိုက်မှ
မောင်နှမ နှစ်ယောက်က ချက်ချင်း
တိတ်သွားတော့သည်။ မဟုတ်ရင်
တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေဦးမှာ။မနက်စာစားပြီးတော့ Chanyeol တောင်း ဆိုတဲ့ အတိုင်း Hyung က
ကျောင်းလိုက်ပို့ပေးသည်။ ကျောင်းရှေ့
ရောက်တော့ Chanyeol ကားပေါ်
ကဆင်းလိုက်တယ်။"Hyung ကျေးဇူးတင်ပါတယ်
ပြီးတော့... ချစ်တယ်"Hyung ကဘာမှပြန်မပြောဘဲ
ချက်ချင်း ကားလှည့်မောင်းသွားတယ်။
Chanyeol သဘောတကျနဲ့ ပြုံးလိုက်မိပြန်တယ်။အင်း...အခုကတည်းက လွမ်းနေမိပြီ
Hyung ရေ...။_______
"Chanyeol မင်း ကောင်မလေး
ရနေပြီလား ခုတလော ငြိမ်လွန်းနေတယ်""မဟုတ်ပါဘူး"
Chanyeol က သူငယ်ချင်းတွေ အမေးကို
တိတိကျကျပြန်မဖြေဘဲ ပြုံးပြုံးကြီးသာ
လုပ်နေတယ်။"ကောင်းတယ် ဒါဆို ဒီနေ့ ကလပ်သွားကြမယ်လေ"
"တော်ပါကွာ...ငါ ခု အိမ်ပြန်တော့မှာ"
"မင်းကလဲ အိမ်မှာ မိန်းမလဲမရှိ
ကလေးလဲ မရှိတာကို လိုက်ခဲ့ပါကွ ""မင်းတို့ဘာသာပဲ သွားလိုက်ကွာ
ငါ အိမ်ပြန်တော့မယ်""မင်းကလဲ လာပါ ကွ
လာပါ"
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...