Unicode version ✅
Baekhyunဘာတခွန်းမှ ဆက်မပြောနိုင်ဘဲ နေရာမှာတင် တုံ့ခနဲ ကျန်ရစ်တယ်။ မနေ့ညက ကိုယ့်ကိုယ်ကိုယ် အားပေးသတ္တိမွေးကာ Chanyeolဆီ ပြန်လည်ချဉ်းကပ်ခဲ့သည်။ အောင်မြင်ခဲ့တယ်လို့ ထင်ရပေမယ့် ဒီနေ့မနက်မှာတော့...
Mr. Leeတွေ့သွားမှာကို အရမ်းကြောက်နေခဲ့တာ။
သူ ဘာလို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ရတာလဲ သူမသိဘူး။ Chanyeolကလဲ သူ့ကို ရှင်းပြဖို့ အချိန်လေးတောင် မပေးဘူး။ဖုန်းထုတ်ကာ Chanyeolဆီ ဆက်ပေမယ့် မကိုင်တာမို့ ဒီည Chanyeolမိဘတွေကို နှုတ်ဆက်ရင်း အိမ်လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
.....
အိမ်တံခါးက ဘဲလ်ကို တီးလိုက်တဲ့အချိန် ခဏအကြာ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ထွက်လာတယ်။ထိုမိန်းကလေးကို သူမသိတာမို့
Chanyeolအိမ်ဟုတ်ရဲ့လားလို့တောင် တွေးမိသွားတယ်။အိမ်ပြောင်းသွားတာတို့များ..."ဒါ Park Chanyeolအိမ်လား"
"Oppa!!!! Baekhyun Oppa"
ထိုမိန်းကလေးက သူ့ကိုမြင်တော့ ဝမ်းသာအားရနဲ့ခေါ်တာမို့ သူမနည်းစဉ်းစားလိုက်ရတယ်။နောက်မှ သူ့ခေါင်းထဲမှာ ပုံရိပ်တခု ဖြတ်ခနဲပေါ်လာတော့တယ်။
"Yura..."
"ဟုတ်တယ်လေ ညီမလေး Yura....
Oppaက ခုထိ ချောတုန်း ချစ်ဖို့ကောင်းတုန်းပါလား""ညီမလေးလဲ အရပ်ကြီးရှည်လာတာပဲ ဒီသုံးနှစ်ကျော်လေးအတွင်းကို"
တကယ်ကို Chanyeolတို့မျိုးရိုးဟာ အရှည်မျိုးရိုးတွေပင်ဖြစ်သည်။
"ဟီးဟီး ဟုတ်တယ်။ အခု ညီမလေး Oppaထက်တောင် ရှည်တော့မယ်"
တကယ် မဟုတ်ပေမယ့်လဲ စနောက်ပြောနေတဲ့ Yuraအလိုကျ သူ ခေါင်းတဆတ်ဆတ်ညိမ့်ကာ ပြုံးလိုက်တယ်။
"ဟုတ်ပါပြီ"
"လာ အထဲဝင် Oppa...Ommaရေ!!!
ဒီမှာ Baekhyun Oppaရောက်နေတယ်"Baekhyunလက်ကိုဆွဲကာ အထဲကိုခေါ်ရင်း မအေဖြစ်သူကိုလဲ အော်ခေါ်နေတဲ့ Yuraကိုကြည့်ရင်း Baekhyunပါ ပျော်လာတယ်။
"ဟယ်!!! ငါတို့ Baekhyunလေးပါလား
လာလာ မတွေ့တာတောင်ကြာနေပြီ"Chanyeolအမေကလဲ Baekhyunလက်ကို ဆွဲကာ ထုံခိုင်မှာထိုင်စေသည်။
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...