✔Unicode✔
Park Chanyeol' POV
ကျွန်တော့် နာမည်က
Park Chanyeolပါ။
အသက်က ၂၀။
ပထမနှစ်ကျောင်းသားတစ်ယောက်။များသောအားဖြင့် ကျွန်တော်က
Hyungနဲ့ပဲ နေတယ်။Hyungနာမည်က Byun Baekhyun။
အသက်က၂၄နှစ်။Hyungက အနေအေးတယ်၊တည်ငြိမ်တယ်၊ချစ်ဖို့ကောင်းတယ်
ပြီးတော့ နာမည်ကြီး။ကျွန်တော်Hyungကို အလယ်တန်း
မှာ စတွေ့ခဲ့တာ...တွေ့တွေ့ချင်းပဲ
Hyungကို စိတ်ထဲမှာ လေးစားတဲ့စိတ်တွေပေါ်လာပြီး Hyungအနောက်
တကောက်ကောက် လိုက်ခဲ့တာ။အဲဒီအချိန်ကတည်းက Hyung
က ကျွန်တော့်ကို ညီလေး တစ်ယောက်
လိုပဲ သဘောထားခဲ့တာ...ဒါပေမယ့်
၂နှစ်အကြာမှာ ကျွန်တော် Hyung ကို
ဖွင့်ပြောခဲ့တယ်။Hyungကလဲ လက်ခံခဲ့တယ်။
Hyung က တစ်ယောက်တည်း
နေတာမို့လို့ သူနဲ့အတူနေဖို့ Hyung
က ခွင့်ပြုပေးခဲ့တယ်။ကျွန်တော် မိဘအိမ်ပြန်တာတောင်
ရှားတယ်...Hyungက ကျွန်တော့်ရဲ့ အချစ်ဦး။
ကျွန်တော် ချစ်မိသွားတဲ့ ပထမဆုံးလူ။ကျွန်တော်ခန့်မှန်းရသလောက်
Hyung က အခုချိန်ထိ ကျွန်တော့်ကို
ညီငယ်လေးတစ်ယောက်လို အမြဲဆက်ဆံတယ်။
ကျွန်တော်ကတော့ Hyung ဘေးနား
ရှိနေရရင်ကို ပျော်ပြီး ကျေနပ်နေတာ။Hyung က တကယ်တော့သေးသေးလေးဗျ ဟီး ဟီး...(I mean Body)
ကျွန်တော် အလယ်တန်းတုန်းက
Hyungထက် အရပ်ပုသေးတယ်။
တဖြည်းဖြည်း အထက်တန်းရောက်လာတော့ အရပ်ပါ လိုက်ရှည်လာတာ
အခုဆို ကျွန်တော် Hyung ထပ်
ပိုရှည်နေပြီ။ မသိရင် Hyungက
ကျွန်တော့် ထက် အငယ်လေးအတိုင်းပဲ။Hyung က ချစ်ဖို့လဲ အရမ်းကောင်းတယ်။
ကဲ...ကျွန်တော်တို့ အကြောင်းမိတ်ဆက်တာ ဒီလောက်ဆို
တော်လောက်ပြီထင်တယ်။တကယ်က ကျွန်တော် အိမ်သန့်ရှင်းရေးလုပ်နေတာ...Hyungက
အလုပ်ကိစ္စနဲ့ ၂လလောက် ခရီးထွက်
သွားတာလေ။
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanficအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...