✔Unicode✔
Baekhyun ကလပ်ထဲက ထွက်လာတော့
Chanyeol ကလဲ အနောက်ကနေ တောက်လျှောက်လိုက်လာခဲ့သည်။"Hyung Hyung
စောင့်ပါဦး ကျေးဇူးပြုပြီး Hyung "Baekhyun သူ့ကို လှည့်ပင်မကြည့်ဘဲ
ကားပေါ်တက်လိုက်ပြီး အိမ်ကို တန်းမောင်း
သွားလိုက်သည်။အိမ်ရောက်တော့ Yuraက ဧည့်ခန်းကနေ
ဆီးမေးသည်။"Oppa ပြန်လာပြီလား
အကိုရော ဘယ်မှာလဲ""Yura ...Oppaအခန်းထဲ သွားပြီး
တိတ်တိတ်လေး နေပေးနော်"Yura က ခေါင်းငြိမ့်လိုက်ပြီး
Baekhyun ပြောတဲ့အတိုင်း အခန်းထဲ
သွားနေလိုက်သည်။Baekhyunကတော့ Chanyeol အခန်းထဲ၀င်ကာ
ဗီဒိုထဲကနေ အ၀တ်အစားတွေ
ဆွဲထုတ်ပြီး laggaue ထဲ ပြောင်းထည့်သည်။
ပြီးတော့ laggaue ကို ဆွဲကာ ဧည့်ခန်းထဲ
ဆွဲလာတော့ Chanyeol က ရောက်နှင့်နေပြီ။"Hyung ကျွန်တော် ရှင်းပြပါရစေ"
"မလိုဘူး...ငါ့အတွက် ရှင်းလင်းနေပြီမို့
ဘာမှ မရှင်းပြနဲ့""Hyung "
"ထွက်သွားတော့"
"Hyung ခန"
"ထွက်သွားလို့ ပြောနေတယ်လေ"
Baekhyun အ၀တ်အိတ်ကို Chanyeol
ဆီ ပစ်ပေးလိုက်သည်။"Hyung ကျွန်တော် တောင်းပန်ပါတယ်
ကျွန်တော်မှားတာ သိပါတယ် Hyung ရယ်
ခွင့်လွှတ်ပေးပါနော်""မင်းငါ့ကို တကယ်ချစ်တာ မဟုတ်ဘူး
အကုန်အလိမ်အညာတွေပဲ"Baekhyun သူ့မျက်နှာကို ကြည့်ကာ
နာနာကျင်ကျင် ပြောပစ်ပြီး အခန်းထဲ ၀င်ခဲ့သည်။
အခန်း၀မှာ Yuraက မျက်နှာငယ်ငယ်လေးနဲ့
ရပ်ကြည့်နေပြီး Baekhyun အခန်းထဲဝင်တာနဲ့
သူမ အခန်းထဲက ပြန်ထွက်ခဲ့သည်။"ငါအရမ်းတုံးတာပဲ သူ့ကို လွယ်လွယ်နဲ့
ယုံပစ်ခဲ့တာ အရမ်းတုံးတယ် အရမ်းတုံးတယ်"Baekhyun သူ့ကိုယ်သူ မကျေနပ်စွာ အပြစ်တင်ရင်းငိုမိသည်။
ဘာလို့ မရင့်ကျက်သေးတဲ့သူတွေကို သဘောမကျရလဲ ဆိုတဲ့ အကြောင်းပြချက်က ဒါတွေပဲ။
သူတို့က သစ္စာမရှိဘူး။
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...