✔Unicode✔
Baekhyun's POV
" ကျွန်တော် ဒီည Hyung နဲ့
အိပ်လို့ရလားဟင်""မင်း စာလုပ်စရာမရှိဘူးလား"
"မရှိဘူး...အိပ်လို့ရလားဟင်"
"မင်း အိပ်ချင်ရင် အိပ်ပေါ့"
"Yay..."
ကျွန်တော့်ခွင့်ပြုချက်ရပြီးတာနဲ့
ကလေးတစ်ယောက်လို ခုန်ပေါက်ပြီး
အခန်းထဲ ပြေး၀င်သွားသည်။ဒီကောင်လေးကို နောက်ဆုံးတော့
ယုံပေးဖို့ ကျွန်တော် ကြိုးစားကြည့်တော့မယ်။ကျွန်တော်သူ့ကို နမ်းနေတဲ့အချိန်တုန်းက
စိတ်တွေလှုပ်ရှားပြီး တကယ်ပျော်ခဲ့တာ။ဒါပေမယ့် သူကျွန်တော့်အပေါ်
ထားတဲ့အချစ်က ကလေးကစားစရာ
လားလို့ စဥ်းစားမိရင် ဒေါသထွက်တာတော့
အမှန်ပဲ...။စိတ်တွေရှုပ်ထွေးပေမယ့်လဲ
ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ကျွန်တော့်နှလုံးသားထဲ သူ၀င်လာဖို့ တဖြည်းဖြည်းချင်း ခွင့်ပြုတော့မယ်လို့။
"ဟား....ဒီအိပ်ယာလေးကို
လွမ်းလိုက်တာဗျာ Hyung
ဘေးမှာ အိပ်ရတဲ့ အချိန်လေးတွေကို
လွမ်းနေရတာ"Chanyeol က အိပ်ယာပေါ် ပစ်လှဲရင်း
မျက်လုံးတွေမှိတ်ထားကာ ပြောတယ်။"ဒီမှာ မအိပ်တာ တညပဲရှိသေးတာကို"
"ကျွန်တော့်အတွက်တော့
၁၀နှစ်လောက်ကြာတယ်""အပိုတွေပါကွာ"
"မြန်မြန်လာ Hyung "
သူ့ဘေးကနေရာကို လက်ဖြင့်ပုတ်ရင်း
လာခဲ့ဖို့ ခေါ်တာမို့ ကျွန်တော် အနွေး
ထည်ချွတ်ကာ သူ့ဘေးမှာ သွားလှဲလိုက်သည်။ကျွန်တော် ရောက်သွားတာနဲ့
သူက ကျွန်တော့်ကို ရင်ခွင်ထဲ
ဆွဲသွင်းပစ်လိုက်တယ်။"Yah...အသက်ရှူကြပ်တယ်"
"ဆောတီး ဟီးဟီး"
"အိပ်တော့နော် good night "
"အင်း good night "
ကျွန်တော် မျက်လုံးတွေမှိတ်ထားပေမယ့်
သူကျွန်တော့်ကို စိုက်ကြည့်နေတယ်
ဆိုတာ ခံစားလို့ရတယ်။
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...