✔Unicode✔
Chanyeol's POV
အင်း....
အိပ်ယာကနိုးလာပြီး အညောင်းအညာပြေသည်အထိ အကြောတွေဆန့်ပစ်ကာ ရုတ်တရက် ဘေးက
နေရာကို စမ်းမိတော့ လစ်လပ်နေတာကို
သတိထားမိလိုက်သည်။မျက်လုံးတွေကို လျင်မြန်စွာဖွင့်ကြည့်
မိတော့ Hyung ရှိမနေတာကို တွေ့လိုက်ရမှ ပြူးပြူးပြာပြာနဲ့
လိုက်ရှာဖို့ ပြင်တော့သည်။ရေချိုးခန်းထဲ ကြည့်တော့လဲ မရှိ
မီးဖိုချောင်ထဲ အပြေးအလွှား သွားကြည့်တော့လဲ မရှိနဲ့။ Hyung က ဘယ်ရောက်
သွားတာလဲ။စားပွဲပေါ်ကမနက်စာနဲ့ အတူ
စာတစ်စောင်ကို မြင်မှ ပျော်သွားရသည်။၀မ်းသာလိုက်တာ...Hyung က ကျွန်တော့်အတွက်
မနက်စာတောင် ပြင်ထားလိုက်သေး။စာထဲမှာရေးထားတာက
*Chanyeol ငါ ဒီမနက် အရေးကြီးတဲ့ အစည်းအဝေး ပေါ်လာ
တာမို့ အစောကြီးထသွားလိုက်တာ
မင်းကတော့ စာကြည့်ဖို့အတွက်
ဦးနှောက်ကြည်နေမှ ဖြစ်မှာမို့
ငါ မနှိုးသွားဘူး။ မနက်စာလဲ အမြန်ပဲ
ပြင်လိုက်တယ် မင်းကြိုက်ဖို့တော့
မျှော်လင့်ပါတယ်။ ငါ အစည်းအဝေး
ခန်းထဲမှာရှိမှာမို့ ဖုန်းမခေါ်နဲ့နော်
ညနေမှ ကျောင်းလာကြိုမယ်
နောက်မှတွေ့မယ် အရူးလေး*_မင်းရဲ့ Hyung
Baekhyun"Boya... ကျွန်တော့်ကို
အရူးလို့ခေါ်တယ်ပေါ့လေ
ဒီHyung ကတော့လေ
Hyung ကျွန်တော့် အတွက် ဘာပဲလုပ်ပေးလုပ်ပေး ကျွန်တော်က ကြိုက်တာမို့
ကောင်းကောင်းစားပါ့မယ်ဗျာ"တစ်ယောက်တည်း ကိုယ့်ဘာသာ
သဘောတကျ ရေရွတ်ရင်း Hyung
လုပ်ပေးတဲ့ မနက်စာကို ကျေကျေနပ်နပ်
ကြီး စားလိုက်သည်။စားနေရင်းလဲ ဒီစာကိုပဲ ထပ်တလဲလဲ
ပြန်ဖတ်နေမိသည်။စာအနောက်ဘက်မှာ မှတ်စုလေး
ရှိသေးတာပဲ...PS: morning kiss အတွက်ကတော့
ညမှ ပေါင်းပေးတော့မယ်(*whisper)စာဖတ်ပြီး ကျွန်တော် အကျယ်ကြီး
အော်ရယ်လိုက်တယ်။
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...