chapter 30

819 71 0
                                    

Unicode version ✅

Chanyeolနဲ့ Baekhyunခုတင်ပေါ်မှာ
လဲလျောင်းကာ တစ်ယောက်ကို တစ်ယောက်ဖက်ထားရင်း ရောက်တတ်ရာရာ ပြောကြသည်။

"ညနေက မင်းတို့အိမ် သွားသေးတယ်"

"အင်း သိတယ်။မေမေ ဖုန်းလှမ်းဆက်တာ
အိမ်ကို ပြန်လာမှာလားဆိုပြီး"

"ဟားဟား အန်တီက ပြောတာလား"

"ဟုတ်တယ်"

"မင်းတို့ မိသားစုကို သိပ်ချစ်တာပဲ"

"ကျွန်တော်တော့ Hyungကို သိပ်ချစ်တယ်"

"ငါရော ချစ်တယ်...ဒါနဲ့ Yuraက တော်တော်ထွားလွယ်တာပဲ အရပ်ကြီးကို အရှည်ကြီး"

"ဟုတ်တယ် အဲကလေးမက
အပျိုကြီးလိုဖြစ်နေပြီ"

Ring Ring

ရုတ်တရက် ဖုန်းဝင်လာသော်လည်း ခေါ်ဆိုသူက မစ်စတာလီမို့ Baekhyunလျစ်လျူရှုထားလိုက်သည်။

"ဖုန်းလာနေတယ်"

"ရတယ် ထားလိုက်"

ဖုန်းက တခါကျသွားလိုက် တခါထပ်လာလိုက်မို့
Chanyeolက ကိုင်လိုက်ဖို့ပြောသည်။

"ကိုင်လိုက်ပါလား အရေးကြီးနေဦးမယ်"

"‌ကိစ္စမရှိဘူး"

ဖုန်းသံက ကျသွားသော်လည်း မက်ဆေ့တစောင်ကထပ်ရောက်လာတာမို့Baekhyun ကြည့်လိုက်မိသည်။

*Baekhyun...မင်းအခု ဘယ်မှာလဲ Haniအခု ဆေးရုံတင်ထားရတယ် ။ဆေးရုံကို အခု လာခဲ့ပေးပါ ...Haniမင်းကို လိုအပ်နေတယ်"

___________

မက်ဆေ့ဖတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို Baekhyunက အိပ်ယာပေါ်က ဆင်းလိုက်တယ်။

"ဘာဖြစ်လို့လဲ Hyung"

Chanyeolကို ပြန်မဖြေဘဲ ချွတ်ထားတဲ့ ကုတ်ကို ဝတ်ပြီး အခန်းထဲက ထွက်သွားဖို့ ပြင်တဲ့Hyungနောက်ကနေလိုက်ကာ လက်ကို ဆွဲထားလိုက်ရတယ်။

"Hyung.... Hyung!!!"

"Chanyeol...ငါ ပြန်လာခဲ့မယ်နော်"

"ဘာဖြစ်လို့လဲ မက်ဆေ့ထဲက ဘာပါလို့လဲ"

"Hani...သူ သူဆေးရုံတင်ထားရတယ်
ငါ သွားကြည့်မှ ဖြစ်မယ် Chanyeol"

ခန္ဓာကိုယ်လေးက တုန်ရီကာ မျက်လုံးတွေ ဂဏာမငြိမ်ဖြစ်နေတဲ့ Hyungကို Chanyeol ဆွဲဖက်ထားလိုက်တယ်။

𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]  Where stories live. Discover now