✔Unicode✔
ဒီအပိုင်းကို မဖတ်ခင် ပြောစရာလေးရှိလို့ပါ။
ကျွန်တော် အာသာကိုလဲ မပြောဘဲ skipဖို့
စိတ်ကူးပါသေးတယ်။ ဒါပေမယ့် နောက်အပိုင်း
တွေ ပြန်ဖတ်ကြည့်တော့ ဘယ်လိုမှ ကျော်လို့
အဆင်မပြေဘူးဗျ အာသာက အချိတ် အဆက်မိမိ
ရေးထားတာ...ဒါမယ့် ဒီအပိုင်းက ဇာတ်လမ်းရဲ့
အချိုးအကွေ့ ဖြစ်သလို Chanyeol ရဲ့ အချစ်
တွေကို ပိုပြီး လေးနက်ကြောင်း စစ်မှန်ကြောင်း
ပြပေးတဲ့အဓိက အပိုင်းလေးမို့ ကျွန်တော် တတ်နိုင်သမျှ ခုန်ပျံ ကျော်လွှား ရေးထားပါတယ်။
Ficကို Ficလို့ မြင်ပေးကြနော်😙"Hyung လဲ မလာသေးဘူး အခုထိ
တော့ပိုကီတွေတောင် အေးကုန်တော့မယ်
ဖုန်းလဲမကိုင်ဘူးကွာ...လူကို စိတ်ပူအောင်"ပြန်လာနေပြီလို့ ဖုန်းဆက်ပြီးတာ အတော်ပင်ကြာနေလေပြီ။ ဖုန်းထပ်ဆက်တော့လဲ မကိုင်နဲ့...Hyung တစ်ယောက်
ဘာတွေများ ဖြစ်နေပါလိမ့်။
ရင်တွေပူလွန်းလာတာမို့ လူကလဲ ဂဏာမငြိမ်ဖြစ်လာရသည်။*တီး တောင်
တံခါး မြည်သံကြားတာနဲ့ အချိန်မဆွဲဘဲ
ချက်ချင်း ပြေးလာပြီး ဖွင့်လိုက်တော့
မျှော်လင့်နေတဲ့ Hyung မဟုတ်ဘဲ ပစ္စည်း
ပို့တဲ့ ကောင်လေးသာ ဖြစ်သည်။ကောင်လေးက ပါဆယ်ဘူးလေးပေး
လာတာမို့ အိမ်ထဲ ယူခဲ့ကာ ဖွင့်ကြည့်မိတော့
ဖုန်းတစ်လုံးပင်။"ဖုန်းက ဘာလို့"
ခနအကြာမှာပဲ အမည် မသိ ဖုန်းနံပါတ်ဆီ က ဗွီဒီယိုကော ၀င်လာသည်။ ဘယ်သူမှန်း
မသိသော်လည်း လက်ခံ ကို နှိပ်လိုက်မိသည်။ စခရင် မှာ ပေါ်လာတဲ့ ပုံရိပ်ကြောင့် Chanyeol လက်တွေ တုန်လာပြီး မျက်ရည်တွေ ကျလာသည်။"Hyung "
ကုတင်ပေါ်မှာ လက်တွေကြိုးတုပ်ခံထားရပြီး
မျက်လုံးကို အ၀တ်တွေနဲ့ အုပ်ခံထားရတဲ့
Hyung...."ဒန် ဒန်"
အဲဒီ အချိန်မှာပဲ မြင်ကွင်းထဲ လူတစ်ယောက်ပေါ်လာသည်။
"Michael!!! "
"ဟယ်လို ကောင်လေး"
"ခင်ဗျားကို ကျုပ် သတ်မယ်
ဘယ်မှာလဲ ပြော ခင်ဗျားတို့ အခု ဘယ်မှာလဲ"
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanfictionအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...