✔Unicode✔
ဖုန်းလေး တုန်ခါသွားတာကြောင့် မက်ဆေ့၀င်လာတာကို သိလိုက်တာမို့ ကောက်ယူဖွင့်ကြည့်မိတော့ Chanyeol ဆီကလာတဲ့ မက်ဆေ့ဖြစ်သည်။
*အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်Hyung. ..အနှောင့်အယှက်ပေးမိတဲ့ အတွက်လဲ တောင်းပန်ပါတယ် ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာက ကျွန်တော့်အပေါ် ခံစားချက်တွေ ရှိနေသေးတယ်လို့ မျှော်လင့်လို့ရသေးတယ်မလားဟင်...ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့လဲ မျှော်လင့်ပါတယ်
ဘာပဲဖြစ်ဖြစ် ကျွန်တော် Hyung ကို
အရမ်းချစ်ပြီး အရမ်းလွမ်းနေတယ်ဆိုတာတော့ သိထားပေးနော်...ဂရုစိုက်ပါ Hyung *မက်ဆေ့ဖတ်ပြီး Baekhyun အရူးတစ်ယောက်လို ပြုံးနေမိသည်။ ပါးပြင် တလျှောက် မျက်ရည်များကလဲ စီးကျလျက်...
ဒီကောင်လေးက ဒီလူ့ နှလုံးသားကို
ဘယ်လို စကားလုံးတွေနဲ့ ဘယ်လို ချုပ်ထား
ရမယ် ၊ရင်ခုန်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိတာပဲ။ဟက်...အရူးလေး။
"ဒေါက် ဒေါက်"
တံခါးခေါက်သံ ကြားလိုက်တာမို့ မျက်ရည်တွေကို အလျင်အမြန် သုတ်လိုက်ရင်း ၀င်ခဲ့ဖို့ ပြောလိုက်တယ်။ဒါပေမယ့် ၀င်လာတဲ့သူကြောင့် သက်ပြင်းချလိုက်တယ်။
"Good morning Baekkie "
"ဘာလာလုပ်ပြန်ပြီလဲ"
"နွေးထွေးလိုက်တဲ့ ကြိုဆိုမှုကြီးကွာ
ကိုယ်မင်းကို ဒီမနက်လာခေါ်ပြီး ရုံးလိုက်ပို့ မယ်လို့ပြောထားသားပဲ ဘာလို့ တစ်ယောက်တည်း ထွက်သွားရတာလဲ""ငါ အလုပ်များနေလို့"
"ဒါနဲ့ ဟိုကောင်လေးက မင်းအိမ်
ဘယ်လို ရောက်နေတာလဲ...မနေ့ညက ပြန်သွားပြီ မဟုတ်ဘူးလား""မင်း သူ့ကို တွေ့ခဲ့တာလား"
"အင်း...ကိုယ်နဲ့ မင်း တွဲနေတာ ဆိုတာ
သူ့ကို ပြောခဲ့တယ်"ဘာ....သူ ဘာပြောခဲ့တာ
"ပြောဦးလေ အဲဒီကောင်လေး က
မင်းအိမ်ကို ဘယ်လိုရောက်နေတာလဲ"
YOU ARE READING
𝘓𝘰𝘷𝘦𝘳'𝘴 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 [𝘔𝘺𝘢𝘯𝘮𝘢𝘳 𝘛𝘳𝘢𝘯𝘴𝘭𝘢𝘵𝘪𝘰𝘯]
Fanficအသက် ၂၄နှစ်အရွယ် CEO Byun Baekhyun နဲ့ သူ့ထက်လေးနှစ်ငယ်တဲ့ တက္ကသိုလ် ကျောင်းသားလေး ParkChanyeol တို့ နှစ်ယောက် စုံမက်မိကြတဲ့အခါ ၄နှစ်ဆိုတဲ့ အသက်ကွာဟမှုကြောင့် ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရင်ဆိုင်ကြရမလဲ ဆိုတာကတော့... 𝘈𝘭𝘭 𝘤𝘳𝘦𝘥𝘪𝘵𝘴 𝘵...