(Zawgyi )
ခြေလှမ်း
နောက်စရာရှားလို့ အိမ်ထိန်းတော်ကြီးကို နောက်ပြီး
နောက်ပြန်ပက်လက်လှန်လဲကျနေသော.
ဝမ်ရှိုးယွဲ့ ၏ကိုးရိုးကားယား နိုင်မှုကို
ချွင်းရှောက်ဖန် ခေါင်းကိုညင်ညင်သာသာခါမိတော့သည်။နန်းတော်တမျှခမ်းနားလှတဲ့ အဆောင်တော်ထဲကို ချွင်းရှောက်ဖန် နောက်သို့လိုက်လာခဲ့သည်။
အိမ်ထိန်းတော်ကြီးကတော့ အပြင်ဘက်မှာကျန်ရစ်ခဲ့ရသည်။နန်းဆောင်၏အတွင်းတော်. အခန်းအသွယ်သွယ်ကိုဖြတ်ကျော်ပြီး.
သီးသန်းနန်းဆောင်တော်လေးကို ကြည်လင်၍ကြာပန်းနွယ်များအလှဆင်ထားသော ရေကနိ၏အလယ်တွင် သာယာလှပစွာတည်ဆောက်ထားသည်။ပတုန်းရောင်နက်မှောင်နေသောဆံနွယ်ကိုထုံး၍
ဆံနွယ်တစ်ချို့ကိုဖြန့်ချထားပြီး ဆံထုံးထက်ရွှေအနားကွပ်ထားသောနီသွေးရောင်ပုလဲဆံထိုးကို ဆံမြန်းထားသည်။ဝမ်ရှိုးယွဲ့ တို့လာရာလမ်းဘက် ကျောပြင်ခိုင်းထားသော. ပိုင်ထင်းရိ၏ ကျယ်ပြန့်လှတဲ့ပုခုံးကျယ် ခါးထိရှည်တဲ့ဆံနွယ်က လေပြေသဲ့သဲ့လေးတိုက်လိုက်တိုင်း ယိမ်းနွဲ့လို့နေသည်။
" ဝမ်ရှိုးယွဲ့ ရောက်လာပါပြီ."
ချွင်းရှောက်ဖန် ဝမ်ရှိုးယွဲ့ ကို ခေါင်းညိမ့်ပြတော့
ရှိုးယွဲ့ ကိုသွားနိုင်လို့ ပြောတာသဘောပေါက်လိုက်သည်။ရှေ့သို့ဖြေးဖြေးလေးတိုးကပ်ကာ. နောက်ကနေတောင်ကြည့်ကောင်းလှတဲ့.ပိုင်ထင်းရိဟာရှေ့ကနေကြည့်ရင်ရော ဘယ်လိုနေမလဲဆိုတာသိချင်လှသည်။
စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာဖတ်နေသော ပိုင်ထင်းရိ ဝမ်ရှိုးယွဲ့ကိုလှည့်ပင်မကြည့်ပေ။
အတန်ငယ်ကြာသည်အထိပေါ့၊
".အဟမ်း..အဟွတ်. "
မနေနိုင်တော့ဘူး။ သူနောက်ကျောကိုကြည့်ပြီးထိုင်နေရတာ စိတ်သိပ်မရှည်နိုင်ပါ၊
![](https://img.wattpad.com/cover/243951876-288-k648807.jpg)
YOU ARE READING
Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]
Romance(Zawgyi/ unicode) 🔞💗🔞 [Arc-5နှလုံးသည်းပွတ်၏ရှိုက်သံ🌹 ] မူလ ဇာတ်ကောင် စရိုက်ကို ထိန်းချုပ်ရင်း mission ကိုပြီးမြောက်အောင်စွမ်းဆောင်ရသူ. 'လျန်ကျင်းပေ '♥♥ သဝန်တိုပြီးအရမ်းအချစ်ကြမ်းသော ချစ်သူကလည်း ဘဝတိုင်းပါလာသောအခါ♥♥ SYSTEM " HOST က လုပ်ချင်တာကိုပ...