ဇာတ်ဆရာအလိုကျ Villian
မြင့်မြတ်ထည်ဝါသော. တစ်ဆောင်တစ်နား အိပ်ဆောင်တော်ဝယ်. ခန့်ညားဝင့်ကြွားစွာ
ကတီပါ ပိုးဖဲ ပေါ်တွင် ငြိမ့်ညောင်း.ဇိမ်ကျစွာ
မည်းနက်နက်မျက်တောင်ကို စင်းကာ
ဗျတ်စောင်းသံ.နားစင်နေသည်။ဆွန်းချီတျန်း. အိမ်တော်၏ အရှင် ..ဦးရီးတော်ပိုင်ထင်းရိ မှာ ရှည်လျား သွယ်လျသော လက်ချောင်းလေးကို လှုပ်ပြလိုက်တာနဲ့ အရိပ်ကဲသိ ..အစေခံမှ
ဗျတ်စောင်းတီးနေသး.မိန်းမပျိုလေးအား ရပ်နားရန်အချက်ပြလိုက်သည်။
" အသုံးတော်ခံ ကို ဒီညငါကိုယ်တော်ဆီ ခစားခိုင်းလိုက်"
" မှန်လှပါ ဦးရီးတော် "
"ဖြောင်း..
နင့်လို အသုံးတော်ခံ အဆင့်က ဦးရီးတော်ရဲ့ကြင်ယာတော်.ရဲ့...
အင်..လက်သုံးတော်... ဟုတ်တယ်.လက်သုံးတော်ကို. ပြန်ပြောရဲတယ်."'' အဟက်...ရုပ်လေးက ကြည့်ပျော်ရှုပျော် တော့ကောင်းပါရဲ့
ဘူရင့်ပုန်ကန်တဲ့သူရဲ့ မျိုးဆက်.အယုတ်တမာ ဖြစ်နေတော့
.အစေခံလောက်တောင် အဆင့်မရှိပါဘူး "
စကားကို တစ်လုံးချင်း လျှာကိုလိပ်ကာ ပက်ချွဲနှပ်ချွဲ ပြောနေတဲ့ ဆွန်းချီတျန်း...အိမ်ယာတော်ရဲ့ ကြင်ယာတော်...လျှိုပင်းထင် ။
မြေပေါ်မှာ ဒူးထောက်လေး ဝပ်ကာ မျက်နှာငယ်နဲ့ မော့ပင်မကြည့်ရဲ ရှာသော..ဝမ်ရှိုးယွဲ့ ။
VOUS LISEZ
Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]
Roman d'amour(Zawgyi/ unicode) 🔞💗🔞 [Arc-5နှလုံးသည်းပွတ်၏ရှိုက်သံ🌹 ] မူလ ဇာတ်ကောင် စရိုက်ကို ထိန်းချုပ်ရင်း mission ကိုပြီးမြောက်အောင်စွမ်းဆောင်ရသူ. 'လျန်ကျင်းပေ '♥♥ သဝန်တိုပြီးအရမ်းအချစ်ကြမ်းသော ချစ်သူကလည်း ဘဝတိုင်းပါလာသောအခါ♥♥ SYSTEM " HOST က လုပ်ချင်တာကိုပ...