PART(2.4)

16.8K 967 9
                                    

🐡🐟🐡🐟
.
.
🌺Zawgyi🌺

[ စာလုံးပေါင်းသတ်ပုံတွေ မစစ်ဖြစ်လို့်မှားနေရင် ပြင်ဖတ်ကြနော်😁😘]

ဝေဝေ အဝတ်ပုံကြီးကိုမကာ သင်တန်းသားများထားရညအဆောင်သို့ပြန်လာခဲ့သည် တစ်လမ်းလုံးက သင်တန်းသားတွေဝိုင်းကြည့်နေကြတာ
ဝေဝေ
မျက်လုံးကို အပျက်ကစားကာ တွေ့သမျှလူတိုင်းကို ရှစ်စွမ်း အဝတ်ဖြစ်ကြောင်း ကြွားလာခဲ့သည်
အားလုံးက အံ့သြနေကြတာ.ဘာလို့သူက ရှစ်စွမ်းအင်္ကျီကို ဝတ်လာတာလည်း မဟုတ်မှ သူတို့်က သာမန်ဆက်ဆံရေးမဖြစ်နိုင်ဘူး
ဝေဝေရဲ့အလှက ဘတ်ရှန်းမင်မင်းသမီးလေးလောက်မဟုတ်ပေမယ့် အတော်လေးတော့ ကြည့်ကောင်းနေတာပဲလေ
အခုတောင် အင်္ကျီပွပွကြီး ဝတ်ထားတာတောင်ကြည့်ကောင်းနေတာ
ထောက်ခံသူက ထောက်ခံသလို
မထောက်ခံတဲ့သူကလည်း မျက်စောင်းကြီးနဲ့ကြည့်နေကြတာပေါ့ အများစုက မိန်းကလေးတွေပေါ့ မနာလိုကြ တီးတိုးပြောကြနှင့်.
ဘတ်ရှန်းမင် အစေခံများလည်းပါသည်ပေါ့
ဘတ်ရှန်းမင် ကို သျားဝေဝေ ကြောင်းပြောတော့ သူတို့ကိုယားယံစေတဲ့ အမှုန့်တွေပတ်သွားတာ သျားဝေဝေ မှန်းသိသော်လည်း သက်သေမရှိ ခုတော့ရှစ်စွမ်းရဲ့ အဝတ်ကိုပါဝတ်လာရဲသေးတယ် တော်တော် အရှက်မရှိဟု ပြောဆိုကာ.
သျားဝေဝေ အခန်းနှင့် ဘတ်ရှန်းမင်အခန်းမှာ ဘေးချင်းကပ်ဖြစ်ပြီး တစ်ခန်း သုံးယောက်နေသည်

လျားသျားဝေဝေဘတ်ရှန်းမင်တို့ကြားအောင် အသံကို မြှင့်ကာ

" မုံ့အာ ယင်းအာ ငါတွက်ဝတ်စုံယူလာခဲ့ပေးပါ
ရှစ်စွမ်းရဲ့အဝတ်တွေကို သေချာသိမ်းပေးနော် နောက်တစ်ခါ ရှစ်စွမ်းနဲ့တွေ့ဖို့အခွင့်ရေးပဲ ဒါက "

" သခင်မလေး ဘယ်လိုဖြစ်လို့ ရှစ်စွမ်းကုကဧ့ အဝတ်တွေ ဝတ်လာရတာလည်း "

တစ်ဖက်ခန်း မှ လူသုံးယောက်ကတော့ နံရံကို နားနှင့်ကပ်ကာ ကြားနိုင်သလောက်ကြားအောင် အာရုံစူးစိုက်ထားကြလေသည်

" အဟမ်း ဒါကတော့ ငါနဲ့ရှစ်စွမ်း...အဟမ်းး"
ရှေ့က အသံကို အကျယ်ကြီးပြောသော်လည်း
နောက်ဆက်ပြောသောအသံမှာ အလွန်တိုးသောကြောင့် ဘတ်ရှန်းမင်တို့ မကြားကြပေ

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now