♥ Zawgyi ♥
(လက်သံတော့ပြောင်လှသည်)
အညိုရောင်တောက်လွန်းတဲ့ ညှို့မျက်ဝန်းတစ်စုံမှ ရုတ်ချည်းရွှန်းလဲ့တောက်ပလာသည်။
ထိုရွှန်းလဲ့တောက်ပနေပုံက နှစ်မြို့ဖွယ်တော့မဟုတ်ဘူး။သာယာသောနံနက်ခင်းကို တုန်ယင်စွာလန့်နိုးလာရတယ်။
ထူးဆန်းသောမျက်ဝန်းတစ်စုံကြောင့်ပေါ့။
ငိုက်မြည်းစွာ ကုန်းထရင်း..
ဘေးဘက်တွင်မည်သူမှရှိမနေ။
ဆိုလိုသည်မှာ ဝမ်ရယ်ပိုင်ထင်းရိ...ပုလဲလုပ်ငန်းထဲသို့ ခါတိုင်းလိုပဲ ရောက်ခဲ့တယ်။
" ရှိုးယွဲ့....."
ဒီလေသံမျိုးမကြားရတာ အတော်ကြာခဲ့ပြီ။
လေသံက မာလွန်းလို့ နားကိုပြေးဆောင့်တော့မလိုပဲ။လျှန်ပင်းယင်.
". ခေါ်တာတောင် မကြားနိုင်တော့ဘူးပေါ့လေ."
". အဲ့လိုအစေခံမမျိုးကို လွှတ်မထားသင့်ပါဘူး
ဝမ်ဖေး "" တိတ်စမ်း..ငါ့ကို ဝမ်ရယ်က ဝမ်ဖေးမြှောက်ပြီးမှ
ခေါ်ဖို့ပြောထားတယ်လေ...အဟင်း."တကယ်တော့ လျှန်ပင်းယင် အစေခံကာနှုတ်ကျိုးနေလေရဲ့ သူတို့နန်းဆောင်မှာ ခေါ်နေကြဆိုတော့လေ..
". ဟုတ်ကဲ့ပါ ကြင်ယာတော် လျှန် "
! ဟင်း..သူတို့ကိစ္စကပြီးအုန်းမှာလား..!
". နင့်လိုအစေခံ ဆောင်ကြာမြိုင်က မိန်းမကလေးက.ငါ့ရဲ့အိမ်တော်ထဲမှာ နေနေတာ ကျက်သရေယုတ်လှတယ်..နင့်ဘာသာနင် ထွက်သွားမလား..ငါဆွဲထုတ်ပေးရမလား.."
". .တောင်းပန်ပါတယ်.ကြင်ယာတော်လျန် ကျွန်မဘာသာ.လာတာမဟုတ်သလို.
ဘယ်သူနှင်စရာမှမလိုပါဘူး.."
YOU ARE READING
Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]
Romance(Zawgyi/ unicode) 🔞💗🔞 [Arc-5နှလုံးသည်းပွတ်၏ရှိုက်သံ🌹 ] မူလ ဇာတ်ကောင် စရိုက်ကို ထိန်းချုပ်ရင်း mission ကိုပြီးမြောက်အောင်စွမ်းဆောင်ရသူ. 'လျန်ကျင်းပေ '♥♥ သဝန်တိုပြီးအရမ်းအချစ်ကြမ်းသော ချစ်သူကလည်း ဘဝတိုင်းပါလာသောအခါ♥♥ SYSTEM " HOST က လုပ်ချင်တာကိုပ...