PART [5.13]

7.8K 475 11
                                    

(စိတ်ရှိတိုင်းသာဆို ပိုင်ထင်းရိ)
🌺⚛🌺⚛🌺
Zawgyi

ကြင်ယာတော်ဝမ်ကိုဦးရီးတော်ပိုင်ထင်းရိက အခေါ်လွှတ်လိုက်ပါတယ်။

ယခု ရှင်ဘုရင်မင်းမြတ်ကြွရောက်ချီးမြှင့်လာပြီဖြစ်သောကြောင့် ဝမ်ရှိုးယွဲ့ကိုအခေါ်တော်လွှတ်ခြင်းဖြစ်လေသည်။

" ဝမ်ရှိုးယွဲ့ မင်းကြီးကိုဂါဝရပြုပါတယ် "

ညိုးငယ်နေသော ရှင်ဘုရင်မျက်နှာတော်ကိုကြည့်ရတာ ဝမ်းမြောက်တယ်။ ပြုံးရွှင်နေတဲ့ ပိုင်းထင်းရိမျက်နှာကိုကြည့်ရတာဝမ်းမြောက်တယ်။

ရှုံ့မဲ့နေတဲ့ လျန်ပင်းယင်မျက်နှာကိုကြည့်ရတာ ဝမ်းမြောက်တာပဲ။

ဒါတွေကပါးပါးလေးပဲရှိသေးတာပါ။

ဝမ်ရှိုးယွဲ့ကို အရိပ်တကြည်ကြည့်နေတဲ့ ထင်းရိမျက်လုံးတွေကို......အားနာမိပါတယ်။

ဘုရင်မင်းမြတ်ပြန်ကြွချီတော်မူတာနဲ့ ဝမ်ရယ်လိုက်ပါပို့ဆောင်ရင်း ပုလမြိုင်သို့အတူထွက်ခွာသွားကြလေသည်။

..

ခန်းမတော်ထဲမှထထွက်မည်အပြု

" တကယ်ရိုင်းတာပဲ
အဆင့်အတန်းက အပြုမူကို ဖော်ပြနေတာပဲ "

သက်ပြင်းရှည်တစ်ချကိချလိုက်ပြီး
ဘာဖြစ်ချင်နေမှန်းမသိသော လျန်ပင်းယင်းကိုလှည့်ကြည့်လိုက်သည်။

" မျက်နှာအချိုးကိုက တကယ်မလွယ်တာပဲ
မယ်တော်ကြီးကတောင် နန်းတွင်းအဝင်မခံလို့
အရှင်မင်းကြီးကထွက်လာပြီး ဂါဝရပြုခံရတဲ့အဖြစ်က အဟင်း...နိမ့်ကျလေခြင်းပဲ.
ချွီအာ ဒီမုန့်တွေကိည အစေခံတွေကို ဝေပေးလိုက်
အဆင့်တန်းတူတွေကို ပေးလိုက်ပါ "

" ဟုတ်ကဲ့ပါ ဝမ်ဖေး
ချွီအာ နည်းလည်သွားပါပြီဘယ်လိုပဲ လုပ်လုပ် ဂုဏ်သရေအဆင့်တန်းဆိုတာ လူတိုင်းနဲ့ထိုက်တန်တာမဟုတ်ဘူး "

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now