PART [5.17]

18.2K 732 154
                                    

Zawgyi
❤✝✝✝❤
💮💮💮

" ကြင်..ကြင်ယာတော်ဝမ် .ဘာမှမဖြစ်ပဲ ဘေးကင်းပါရဲ့လား "

ဖူးယောင်နေတဲ့ မျက်နှာကိုလက်ဖြင့်ဖုန်းရင်း
လင်းရှောက်ဖန် ဝမ်ရှိုးယွဲ့ကိုအမောတကော မေးသည်။

" အင်း ဘာမှမဖြစ်ဘူး

ဟို

နင် ဘာဖြစ်လာတာလဲ "

ဝမ်ရှိုးယွဲ့ မေးတော့မှ လင်းရှောက်ဖန် မျက်နှာကြီးနီရဲလာပြီး
ဒေါသလည်းထွက်လာသလို ရှက်လည်းရှက်သွားပုံရသည်။

" ဘယ်က ကလေကချေတွေလည်းမသိပါဘူး
ကျွန်တော့်ကို အသားလွတ်ကြီးဝင်ထိုးတာ
ွှ့အ့. သူတို့ကတော်တော်လေး ကျွမ်းကျင်ပုံပဲ
ကျွန်တော်နဲ့ပါလာတဲ့ သူတို့တွေလည်း.အကွဲအပြဲတွေဖြစ်ကုန်ပြီ
ကျွန်တော်ကိုလည်း အ့ "

" အေးပါ သွားသွား သမားတော်ဆီသွားပြနော်
ငါလည်းသွားတော့မယ် ဒီနေ့နားလိုက်တော့နော် "

" ကြင်ယာတော်ဝမ် ရရဲ့လား "

" ရတယ် ရတယ် "

! အွန်း ငါ့ကိုလိုက်ရှာရင်းဖြစ်တာ ငါ့အပြစ်မကင်းဘူး
နေပါဦး သူ့လို ဝမ်ရယ်ကိုယ်ရံတော်တစ်ယောက် ပြီးတော်နန်းတွင်းက စစ်မှုးချုပ်ကို ဘယ်သူကများ ဒီလိုဖြစ်အောင် လုပ်နိုင်တာလည်း သူပြောတာနှစ်ယောက်တည်း!

.

ခမ်းနားလိုက်တဲ့ နန်းဆောင်ကြီးရဲ့အနော်ဘက်မှာ ရေကန်တစ်ခုရှိတယ်။ အဲ့ဒီရေကန်မှာဘာပန်း ဘာပင်မှမရှိဘူး။ ငါးတွေမွေးထားတယ်။ အကြီးကြီးတွေပဲ အစူးတွေကအများကြီးပဲ ။ တောင်ဂျိုဆွန်းက ဆက်သလာတဲ့ လွီဂန်းလို့ခေါ်တယ်။
အဲ့ဒါ မိဖုရားပိုင်ဖေးနန်း (မိဖုရားခေါင်)ကပေးထားတာ။

'' ဝမ်ရှိုးယွဲ့ မိဖုရားကို ဂါဝရပြုပါတယ် "

လှည့်၍ပင်မကြည့်ပဲ။ဝမ်ဖေးလျန်ပင်းယင်နှင့်သာ

" ငါးလေးတွေက သိပ်ကိုထွားလာ လှလာလိုက်တာနော် "

" မိဖုရားရဲ့ ကျေးဇူးကြောင့်ပါ ဒီလိုလှပတဲ့ငါးလေးတွေကို မွေးမြူခွင့်ရတာ အဟင်း."

You've reached the end of published parts.

⏰ Last updated: Sep 02, 2021 ⏰

Add this story to your Library to get notified about new parts!

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now